• Follow Us on
Latest News

Home တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်တွင် အမျိုးသမီး ၂ ဦး အသတ်ခံရသည့်ဖြစ်စဉ်၌ ကျူးလွန်သူဟု ယူဆရသူအမျိုးသားအချို့ ဖမ်းဆီးရမိထား

တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်တွင် အမျိုးသမီး ၂ ဦး အသတ်ခံရသည့်ဖြစ်စဉ်၌ ကျူးလွန်သူဟု ယူဆရသူအမျိုးသားအချို့ ဖမ်းဆီးရမိထား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ဓမ္မစိန္တာလမ်းရှိ ၈ လွှာတိုက်ခန်းတွင် အမျိုး သမီး ၂ ဦး အသတ်ခံရသည့်ဖြစ်စဉ်၌ ကျူးလွန်သူဟု ယူဆရသူ အမျိုးသားအချို့ ဖမ်းဆီးရမိထားကြောင်း သိရသည်။

 

တာမွေမြိုနယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ဓမ္မစိန္တာလမ်းရှိ ၈ လွှာတိုက်ခန်းတွင် နေထိုင်သော ဒေါ်မေရီတင့် ၆၂ နှစ်နှင့် ဒေါ်မေစန္ဒာထွေး ၄၆ နှစ်တို့သည် အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်က အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး၊ လက်ရှိတွင် ကျုးလွန်သူဟု ယူဆရသူ အမျိုးသားအချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီထားပြီး အသေးစစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 

အသတ်ခံရသူ အမျိုးသမီး ၂ ဦးမှာ ကျောင်းဆရာမကြီး(ငြိမ်း)နှင့် ကုမ္ပဏီဝန်ထမ်းတို့ဖြစ်ပြီး၊ ၎င်းတို့ ၂ ဦး၏ ခန္ဓာ ကိုယ်အနှံတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းနှင့် ပစ္စည်းများ ပျောက်ဆုံးမှုရှိကြောင်း သိရသည်။

 

အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံရေခဲတိုက်သို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post