• Follow Us on

Home တာလတ်ပစ်ဒုံးကျည်တွေနဲ့ ခေတ်မီဂျက်တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဖိလစ်ပိုင်စဉ်းစားနေ

တာလတ်ပစ်ဒုံးကျည်တွေနဲ့ ခေတ်မီဂျက်တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဖိလစ်ပိုင်စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁

 

တပ်မတော်ကို အဆင့်မြှင့်တင်ဖို့အတွက် တာလတ်ပစ်ဒုံးကျည်တွေနဲ့ ခေတ်မီဂျက်တိုက်လေယာဉ်တွေ ဝယ်ယူ ဖို့ ဖိလစ်ပိုင်အစိုးရက စဉ်းစားနေပါတယ်။

 

နိုင်ငံရဲ့အချုပ်အခြာအာဏာကို ပိုမိုခြိမ်းခြောက်ခံလာရတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ပိုမိုခေတ်မီတဲ့ အဆင့် မြင့်လက်နက်တွေ လိုအပ်လာကြောင်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာဂျူနီယာက ကြာသ ပတေးနေ့ (သြဂုတ်လ ၃၀ ရက်နေ့) က သတင်းထောက်တွေကို ပြောပါတယ်။

 

“တာလတ်ပစ်ဒုံးကျည်တွေအပါအဝင် နောက်ဆုံးပေါ် ခေတ်မီလက်နက်တွေ ဝယ်ယူဖို့ ကျွန်တော်တို့ ရည်ရွယ် ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တပ်မတော်အတွက် အသင့်တော်ဆုံးလက်နက်တွေကို ရှာဖွေရာမှာ ဖိလစ်ပိုင်အစိုးရအနေနဲ့ လက်ရှိအချိန်မှာ ကုမ္ပဏီမျိုးစုံရဲ့ ကမ်းလှမ်းချက်တွေကို ဆန်းစစ်လေ့လာနေကြောင်း ကာကွယ်ရေးဝန်ကြီး ဂယ်လ်ဘတ်တို တီယိုဒိုရိုက ပြောပါတယ်။

 

ဘယ်လိုလေယာဉ်အမျိုးအစားတွေကို ဝယ်ယူမယ်ဆိုတာ ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ဖိလစ်ပိုင်နိုင်ငံအနေ နဲ့ ခေတ်မီဂျက်တိုက်လေယာဉ် အစင်းရေ ၄၀ အထိ ဝယ်ယူနိုင်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

 

“တင်ဒါကိစ္စကတော့ လက်ရှိအချိန်မှာ လျှို့ဝှက်ဆောင်ရွက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ လက်ခံနိုင်မယ့်တင်ဒါ တွေကို ကျွန်တော်တို့ ဆက်လက်ဆန်းစစ်လေ့လာနေပါတယ်။” လို့ တီယိုဒိုရိုက ပြောပါတယ်။

 

တောင်တရုတ်ပင်လယ်မှာ မကြာသေးခင်ကာလက တင်းမာမှုတွေမြင့်တက်လာခဲ့တဲ့အတွက် ဖိလစ်ပိုင် နိုင်ငံ ဟာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ရေတပ်စစ်သည်တွေ ထိခိုက်ဒဏ်ရာရသလို သင်္ဘောတွေလည်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောချင်းတိုက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရနဲ့ တရုတ်အစိုးရတို့ဟာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်အပြစ် တင်ခဲ့ကြပါတယ်။

 

နောက်ဆုံးပေါ်လက်နက်တွေဝယ်ယူမယ့် လက်ရှိအစီအစဉ်ဟာ တရုတ်နိုင်ငံနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွား လာခဲ့ရင် ထိရောက်စွာကာကွယ်နိုင်ဖို့အတွက် ကာကွယ်ရေးအင်အားတစ်ရပ် တည်ဆောက်တာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာဂျူနီယာက ပြောပါတယ်။

 

ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာအောင်ဆောင်ရွက်ပြီး ကိုယ့်ကိုယ်ကိုယ်အားကိုးနိုင်တဲ့အနေအထားတစ်ရပ်ရအောင် အောင်မြင်စွာတည်ဆောက်ခြင်းအားဖြင့် ဖိလစ် ပိုင်တပ်မတော်ကို ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်ဖြစ်လာအောင် ပြုပြင်ပြောင်းလဲသွားဖို့ ပထမဦးဆုံး လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၃၇၅ သန်းတန် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့တဲ့ အိန္ဒိယနိုင်ငံထုတ် ဘရာ မို့စ်ဆူပါဆောနစ်ဒုံးကျည်တွေကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

 

ဘရာမို့စ်ဒုံးကျည်ဟာ အမြင့်ပေ ၁၅ ကီလိုမီတာ (၉.၃ မိုင်) က ပျံသန်းပြီး ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) အကွာ အဝေးအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ဖြစ်ပါတယ်။

 

Ref: Philippines Mulls Purchase of Mid-Range Missiles, 40 Fighter Jets

 

#PeopleMedia


Share this post