တာလတ်ပစ်ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော
PUBLISHED - April 3, 2024
နိုင်ငံတကာ၊ ဧပြီ ၃
မြောက်ကိုရီးယားနိုင်ငံက တာလတ်ပစ် ဟိုက်ပါဆောနစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ရာ နိုင်ငံံ့ခေါင်း ဆောင်ကင်ဂံျုအန် တက်ရောက်အားပေးခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာက ဧပြီလ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
“တာလတ်ပစ် ဟိိုက်ပါဆောနစ်ဒုံးကျည်သစ်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ပါတယ်။” လို့ အစိုး ရမီဒီယာ KCNA က ဒုံးကျည်ပစ်ခတ်ပြီး တစ်ရက်အကြာမှာပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ နျူကလီးယားထိပ်ဖူးတွေ သယ်ဆောင်နိုင်စွမ်းရှိတဲ့ လောင်စာခဲ သုံး မဟာဗျူဟာမြောက်ဒုံးကျည်တွေကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ကင်ဂျုံအန်က ပြောပါတယ်။
အင်္ဂါနေ့မနက်ပိုင်းက ပစ်လွှတ်လိုက်တဲ့ အဲဒီဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ ဝန်းကျင်ပျံသန်းသွားကြောင်း KCNA သတင်းဌာနက ပြောပေမဲ့ ကီလိုမီတာ ၆၀၀ ဝန်းကျင်ပံျသန်းလာပြီး တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ ကြားက ပင်လယ်ပြင်ထဲကို ကျရာက်သွားခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။
တာလတ်ပစ်ဟိုက်ပါဆောနစ်ဒုံးကျည်အတွက် လောင်စာခဲစွမ်းအင်သုံး အင်ဂျင်စမ်းသပ်မှုကို ကင်ဂျုံအန်က ကြီးကြပ်ခဲ့ပြီးနောက် နှစ်ပတ်မပြည့်ခင်အချိန်မှာပဲ နောက်ဆုံးအကြိမ်စမ်းသပ်မှုအဖြစ် မြောက်ကိုရီးယားက အခုလို Hwasong-16 ဒုံးကျည်ကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယား-အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို တိုက်ခိုက်ချေမှုန်းရာမှာ ပိုမိုစွမ်းရည်ပြည့်ဝတဲ့ ဒုံးကျည်တွေ ပိုင်ဆိုင်ဖို့နဲ့ အမေရိကန်ရဲ့ ဒေသတွင်းစစ်စခန်းတွေကို ခြိမ်းခြောက်နိုင်ဖို့အတွက် မြောက်ကိုရီး ယားနိုင်ငံဟာ ပိုမိုခေတ်မီတဲ့ ဟိုက်ပါဆောနစ်နဲ့ လောင်စာခဲစွမ်းအင်နည်းပညာတွေကို ကျွမ်းကျင်စွာအသုံးပြု နိုင်ဖို့အတွက် ကြိုးစားနေတာ ကာလရှည်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
လောင်စာခဲစွမ်းအင်သုံး ဒုံးကျည်ကလည်း မပစ်ခင်မှာ လောင်စာဖြည့်တင်းစရာမလိုဘဲ ခြေရာခံ ရှာဖွေ ဖျက် ဆီးဖို့ ခက်ခဲသလို ဟိုက်ပါဆောနစ်ဒုံးကျည်တွေဟာ ပိုမိုလျင်မြန်ပြီး ခြေရာခံဖို့ ခက်ခဲသလို ကြားဖြတ်တိုက်ခိုက် ဖို့လည်းခက်ခဲတယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့က ဒုံးကျည်ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားအစိုးရရဲ့ ဟိုက်ပါဆောနစ်လက်နက်တွေအပါအဝင် ဒုံး ကျည်ထုတ်လုပ်ရေးစီမံချက်ရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုလေ့လာရေး ကိုရီးယားအဖွဲ့က ဟန်ကွမ်းဟီးက ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်အနီးမှာ B-52H နျူကလီးယားဗုံးကြဲလေယာဉ်နဲ့ F-15K ဂျက်တိုက်လေယာဉ်တွေပါဝင်တဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှုကို အမေရိကန်၊ ဂျပန်နိုင်ငံတို့နဲ့အတူ ပူးတွဲကျင်းပခဲ့ကြောင်း ဧပြီလ ၂ ရက်နေ့ နှောင်ပိုင်းမှာပဲ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
Ref: North Korea says tested medium-to-long-range hypersonic missile
#PeopleMedia