တာလီဘန်များက ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်မည်ပြောသော်လည်း အာဖဂန်နစ္စတန်တွင် သံသယနှင့် အကြောက်တရားသာကြီးစိုးနေ

PUBLISHED - August 18, 2021
နိုင်ငံတကာ၊ သြဂုတ် ၁၈ (People Media)
အာဖဂန်နစ္စတန်နိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဖဂန်နစ္စန်တွင် အာဏာပြန်ရလာပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် တာဘီဘန်ခေါင်းဆောင်များက သြဂုတ်လ ၁၇ ရက် နေ့က ပြောကြားလိုက်သည်။
“ဒီနေ့ကစပြီး ရှေ့လျှောက် အာဖဂန်နစ္စတန်ကို စစ်မြေပြင်အဖြစ် နောက်ထပ်မဖြစ်စေချင်တော့ပါဘူး။ စစ်ပွဲက ပြီးဆုံးသွားပါပြီ” ဟု တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇဘီဟူလာမူဂျာဟစ်က ကဘူးမြို့တွင်ကျင်းပသော သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။
တာလီဘန်များအနေဖြင့် ယခင်ရန်သူဟောင်းများကို လက်စားချေလက်တုံ့ပြန်ခြင်းလုံးဝပြုလုပ်တော့မည် မ ဟုတ်ဘဲ အားလုံးလွတ်ငြိမ်းချမ်သာခွင့်ပြုလိုက်ကြောင်း ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ မူဂျာဟစ်က ပြောသည်။ တာလီဘန်အဖွဲ့က အချို့နေရာများတွင် အမျိုးသမီးများအပါအဝင် အစိုးရဝန်ထမ်များ လုပ်ငန်းခွင် များသို့ပြန်လည်ဝင်ရောက်ရန် မေတ္တာရပ်ခံကြောင်းပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် အာဖဂန်အစိုးရထိန်းသိမ်းထားသည့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်သည့် ငွေကြေး များအားလုံး တာလီဘန်များထုတ်ယူ၍မရကြောင်း အမေရိကန်အရာရှိတစ်ဦးက အင်္ဂါနေ့ကပြောသည်။ အာဖ ဂန်လူမျိုးအများအပြားမှာ တာလီဘန်များ၏တင်ပြချက်များနှင့် နိုင်ငံရေးဗဟုဝါဒကိုကျင့်သုံးမည်၊ အမျိုးသမီး များနှင့် လူနည်းစုတို့အခွင့်အရေးကိုလေးစားမည်ဆိုသည့် ကတိကဝတ်များကို ယုံကြည်မှုမရှိကြပေ။
နိုင်ငံတစ်ဝန်း “လူ့အခွင့်အရေးကို တင်းကျပ်စွာချုပ်ကိုင်တားမြစ်ထားသည့် ကျောချမ်းဖွယ်ရာအစီရင်ခံစာများ” လက်ခံရရှိထားသည်ဟု ကုသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။ အာဖ ဂန်နစ္စတန်မှထွက်ခွာသွားလိုသည့်အမေရိကန်လူမျိုးများအနေဖြင့် လေဆိပ်သို့အရောက်သွားကြရန်တိုက်တွန်း သော်လည်း လမ်းခုလပ်တွင် လုံခြုံရေးကိုအာမမခံနိုင်ကြောင်း အမေရိကန်သံရုံးကသတင်းထုတ်ပြန်ခဲ့သည်။
တာလီဘန်များချီတက်လာမည့်အရေး၊ အစိုးရတပ်များပြိုကွဲမည့်အရေး၊ အမေရိကန်များနှင့် အာဖဂန်မဟာမိတ် များ တိုင်းပြည်မှထွက်ခွာနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုမရှိခြင်းအတွက် လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တစ် များအပါအဝင် ပြည်သူများစွာ၏ ပြစ်တင်ဝေဖန်မှုဒဏ်ကို သမ္မတဂျိုးဘိုင်ဒန်ရင်ဆိုင်နေရသည်။
တာလီဘန်များအုပ်ချုပ်ခဲ့စဉ်က အမျိုးသမီးများ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်မရရှိပေ။ အမျိုးသမီးများ အပြင်ထွက်ပါက ဝတ်ရုံလွှမ်းခြုံပြီးအမျိုးသားအဖော်ပါမှသာထွက်ခွင့်ပြုသည်။ ကြာပွတ်ဖြင့် ပြင်းထန်စွာရိုက်ခြင်း အပြင် တာလီဘန်ဥပဒေများကိုချိုးဖောက်မိပါက သေဒဏ်အပြစ်ပေးသည်အထိ ခံရလေ့ရှိသည်။ လက်ရှိ တာ လီဘန်များ၏အုပ်ချုပ်မှုအောက်တွင် အမျိုးသမီးများနှင့်ကလေးငယ်များအပေါ်ဆက်ဆံမှုမှာ အာဖဂန်နစ္စတန်ရှိ အတိုက်အခံများနှင့် နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုများ၏ စိုးရိမ်ပူပန်မှုကို မြင့်တက်လာစေသည်။
“အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေ၊ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး တစ်ဖက်သတ်ဘက်လိုက် ဆုံး ဖြတ်တာတွေ လုံးဝမရှိတော့ပါဘူး။” ဟု မူဂျာဟစ်ကပြောသည်။ သို့သော် “အမျိုးသမီးတွေ အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေကို အစ္စလာမ်မစ်ဥပဒေဘောင်အတွင်းက ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၎င်းကပြောသဖြင့်” ၎င်း၏ကတိစကားမှာမရေမရာအဆင့်တွင် သာရှိနေပါသည်။
တာလီဘန်အဖွဲ့ဟောင်းမှာ အစ္စလာမ်မစ်ဝါဒနှင့် အမျိုးသားတန်ဖိုးများကို ဆုပ်ကိုင်ထားသော်လည်း တာလီဘန် အဖွဲ့သစ်မှာ လွတ်လပ်ပြီး အမှီအခိုကင်းသည့် မီဒီယာကို လိုအပ်ကြောင်း မူဂျာဟစ်ကပြောသည်။
Ref: Taliban promise peace, but doubt and fear persist
#PeopleMedia
(unicode)
……………………………………………………………..
Ref: Taliban promise peace, but doubt and fear persist
#PeopleMedia