တာလီဘန်အစိုးရကို မတည်ငြိမ်အောင်မပြုလုပ်ရန် အမေရိကန်အား တာလီဘန်သတိပေး

PUBLISHED - October 11, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၁၁ (People Media)
ပထမဦးဆုံးအကြိမ် အမေရိကန်နှင့် တာလီဘန်တို့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် တာလီဘန် အစိုးရအား မတည်ငြိမ်အောင်မပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုကို တာလီဘန်များက သတိပေးပြောကြား ခဲ့ကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးအေမီယာခန်းမတ်တာကီက အောက်တိုဘာ ၉ ရက်နေ့ပြောသည်။
သဘောထားတင်းမာသောအစ္စလာမ်မစ်ဝါဒီများကို အမေရိကန်ကျူးကျော်မှုနှင့်အတူ အာဖဂန်နစ္စတန်နိုင်ငံတွင်း မှ မောင်းထုတ်ခဲ့ပြီးနောက် နိုင်ငံတွင်း တာလီဘန်များက အာဏာပြန်လည်ထူထောင်ရန် ကြိုးပမ်းနေစဉ်အတွင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးအေမီယာခန်းမတ်တာကီ၏ ပြောဆိုချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာ အစိုးရကို မတည်ငြိမ်အောင်လုပ်ဖို့ ကြိုးစားတာဟာ ဘယ်သူ့အတွက်မှမကောင်း ဘူးဆိုတာကို ကျွန်တော်တို့ အမေရိကန်တွေကို ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီ။” ဟု ကာတာနိုင်ငံမြို့တော် ဒို ဟာတွင် ဆွေးနွေးပွဲများကျင်းပပြီးနောက် အာဖဂန်အစိုးရပိုင်သတင်းဌာနသို့ ၎င်းကပြောသည်။
“အာဖဂန်နစ္စတန်နဲ့ ဆက်ဆံရေးကောင်းမွန်တာဟာ လူတိုင်းအတွက် ကောင်းပါတယ်။ အာဖဂန်နစ္စတန်က လက်ရှိအစိုးရ အားနည်းသွားအောင် ဘာကိုမှမလုပ်သင့်ဘူး။ အဲဒီလိုလုပ်ရင် ပြည်သူတွေ ဒုက္ခရောက်ပါလိမ့် မယ်။” ဟု ၎င်းကေ AFP သတင်းဌာနသို့ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအထူးကိုယ်စားလှယ် တွမ်ဝက်စ်နှင့် USAID လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရာရှိ ဆာရာချာလီးစ်ခေါင်းဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တာလီ ဘန်အဖွဲ့တို့ ပထမဦးဆုံးအကြိမ် နှစ်ရက်ကြာဆွေးနွေးပွဲ ကျင်းပနေစဉ် မတ်တာကီ၏ ပြောဆိုချက်ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်က Covid-19 ကာကွယ်ဆေးထိုးမည့်ကိစ္စကိုလည်း အကူအညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်ဘက်မှ မည်သည့်ပြောကြားမှုမှ ထွက်ပေါ်မလာခဲ့ပေ။
“အမေရိကန်တွေဘက်က ကာကွယ်ဆေးထိုးတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေလည်းပေးသွားမယ်လို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ဆုံးဖြတ်သွားပါတယ်။” ဟု မတ်တာကီကပြောသည်။
“အမေရိကန်ပြည်ထောင်စုဟာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်သွားမယ် အာဖဂန်နစ္စတန် ခက်ခဲကြမ်းတမ်းတဲ့ကာလကို ကျော်ဖြတ်နေတဲ့အချိန်မှာ စိတ်ရှည်ရှည်နဲ့ ပေါင်းသင်းဆက်ဆံ သွားမယ်လို့ ကတိတွေပေးထားခဲ့ပါတယ်။ ဒါ့ကြောင့် အာဖဂန်နစ္စတန်ဟာ ဒီအခက်အခဲအကျပ်အတည်းကာလ ထဲကနေ ရုန်းထွက်နိုင်ပြီး ပိုမိုအင်အားကောငးတဲ့နိုင်ငံဖြစ်လာမှာပါ။” ဟု ၎င်းကဖြည့်စွက်ပြောသည်။
Ref: Taliban warns US not to destabilize regime in face-to-face talks
#PeopleMedia
(unicode)
……………………………………………………………………..
Ref: Taliban warns US not to destabilize regime in face-to-face talks
#PeopleMedia