တာလီဘန်အစိုးရအသိအမှတ်ပြုရေး တရုတ်နှင့် ပါကစ္စတန် ချိန်ဆနေသည့်အတွက် ရေရှည်ဆုံးရှုံးမှုများကို ကျွမ်းကျင်သူများ သတိပေး

PUBLISHED - August 23, 2021
နိုင်ငံတကာ၊ သြဂုတ် ၂၃ (People Media)
စစ်ဘေးဒဏ်ခံနေရသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အစိုးရအား နိုင်ငံတကာ၏ အသိအမှတ်ပြု ထောက်ခံမှုရရှိရေးအတွက် တိုက်တွန်းဆောင်ရွက်သွားရန် ပူးတွဲမဟာဗျူဟာတစ်ရပ်ချမှတ်နိုင်ရေး တရုတ်နိုင် ငံနှင့် ပါကစ္စတန်နိုင်ငံတို့ အချိန်ယူစဉ်းစားနေသည့်အတွက် “ဘက်စုံမဟာမိတ်” များ၏ ရေရှည်ဆုံးရှုံးမှုများ ကို ကျွမ်းကျင်သူများကသတိပေးလိုက်သည်။
တာလီဘန်အဖွဲ့အနေဖြင့် ၎င်းတို့ကတိအတိုင်း အားလုံးပါဝင်သည့်အစိုးရတစ်ရပ်ဖွဲ့စည်းပြီး အာဖဂန်နစ္စတန် တွင် အကြမ်းဖက်မှုများကိုကာကွယ်သွားနိုင်ရေးနှင့် အမျိုးသမီးများအားအလုပ်လုပ်ကိုင်ခွင့်၊ ပညာဆည်းပူးခွင့် ပြုသွားနိုင်ရေးတို့အတွက် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့်နီးစပ်သောနိုင်ငံများထံမှ နိုင်ငံ တကာထောက်ခံမှုရရှိ ရန် ပါကစ္စတန်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
“ပါကစ္စတန်နိုင်ငံဟာ သူ့အိမ်နီးချင်းနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးကနေ ရစရာတွေအများဆုံးရှိသလိုပဲ အဲဒီအိမ်နီး ချင်းနိုင်ငံတွေမှာရှိနေတဲ့ ဒုက္ခသုက္ခတွေ၊ မတည်ငြိမ်မှုတွေကြောင့်လည်း ဆုံးရှုံးစရာတွေ အများအပြားရှိနေပါ တယ်။ တကယ်လို့ တာလီဘန်တွေသာ တည်ငြိမ်တဲ့အစိုးရတစ်ရပ်ကိုမထူထောင်နိုင်ဘူးဆိုရင် အာဖဂန်နစ္စတန် ဟာ မသေချာမရေရာတဲ့၊ မတည်ငြိမ်တဲ့အနာဂတ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ပါကစ္စတန်အတွက် အကျိုးစီးပွားမရှိ တဲ့အနာဂတ်မျိုးပေါ့။” ဟု ဗြိတိန်၊ ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးဖြစ်ခဲ့သူ မာလီဟာလိုဒီ ကပြောသည်။
အမေရိကန်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် တရုတ်နှင့် အခြားဒေသများအရေးထက် အာဖဂန်အရေးကို ပိုမို အာရုံစိုက်နေရသည့်အတွက် အမေရိကန်တပ်များအားလုံး အာဖဂန်နစ္စတန်မှဆုတ်ခွာသွားပြီးနောက် ပိုမိုလွတ် မြောက်လာသလိုခံစားရပြီး ပါကစ္စတန်နိုင်ငံရော တရုတ်နိုင်ငံပါ အမေရိကန်ထံမှပြန်လာမည့် ပြင်းထန်သော အ ကျိုးသက်ရောက်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဆန်းစစ်လေ့လာသူများကပြောသည်။
အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးနှင့် တာလီဘန်များအပေါ်ဖိအားပေးရန် အမေရိကန်က ပါကစ္စတန်ကို တောင်းဆိုလိမ့်မည်ဖြစ်ပြီး အမေရိကန်-ပါကစ္စတန်ဆက်ဆံရေးမှာ ဆက်လက်တင်းမာနေမည်ဖြစ်ကြောင်း စတန်းဖို့ဒ်တက္ကသိုလ်မှ ဆန်းစစ်လေ့လာသူ အက်စ်ဖန်းယာမာကပြောသည်။ “တကယ်လို့များ တာလီဘန်တွေ က တာဝန်သိသိ ပြုမူဆောင်ရွက်ပြီး သူတို့အစိုးရက အလယ်အလတ်လမ်းစဉ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်သွားမယ် ဆိုရင် အမေရိကန်-ပါကစ္စတန်ဆက်ဆံရေးဟာ တခြားတိုးတက်မှုလက္ခဏာတွေဘာမှမပြဘဲ သောင်မတင်ရေ မကျအခြေအနေအဖြစ် ဆက်ရှိနေဦးမှာပါပဲ။” ဆန်းစစ်လေ့လာသူတစ်ဦးကပြောသည်။
တရုတ်ဆန်းစစ်လေ့လာသူများကလည်း တရုတ်နိုင်ငံအတွက် အလားတူသတိပေးချက်မျိုးကို ထောက်ပြပြော ဆိုခဲ့သည်။ အမေရိကန်၏ရှည်ကြာလှသောစစ်ပွဲမှာ ကြီးမားလှသောဆုံးရှုံးမှုနှင့်အတူ အဆုံးသတ်သွားပြီဖြစ် ကြောင်း၊ ယင်း စစ်ပွဲအဆုံးသတ်မှုက အမေရိကန်အစိုးရနှင့် နှစ်နိုင်ငံဆက်ဆံရေး ပဋိပက္ခဆန်သော သဘာဝရှိ သည့်အချိန်တွင် တရုတ်အစိုးရအတွက် အောင်မြင်သောဝါဒဖြန့်ချိရေးစွမ်းဆောင်ချက်တစ်ရပ်ဖြစ်လာကြောင်း the Post သတင်း စာ၏ အယ်ဒီတာချုပ်ဟောင်း ဝန်စန်းဝေက ၎င်းသတင်းစာတွင်ရေးသားဖော်ပြခဲ့သည်။
အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့များ နွံနစ်နေသည်မှာ ပထဝီနိုင်ငံရေးအကျိုးကျေးဇူးများစွာရရှိကြောင်း ယခင်က တရုတ်နိုင်ငံ၏အမြင်ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အမေရိကန်တပ်များအာဖဂန်နစ္စတန်မှ ဆုတ် ခွာသွားခြင်းမှာ ဒေသတွင်းလုံခြုံရေးနှင့် အင်အားချိန်ခွင်လျှာထိန်းညှိနှိုင်ရေးကို မတည်ငြိမ်မှုကိုဖြစ်ပေါ်စေသည့် အပြင် တရုတ်နိုင်ငံကို တန်ပြန်ရင်ဆိုင်ရန်အတွက် အမေရိကန်အနေဖြင့် အာရုံစူးစိုက်မှုနှင့် ရင်းမြစ်များပိုမိုရရှိ လာကြောင်း ဝန်ကပြောသည်။
“ကျွန်တော်တို့ရဲ့ပြိုင်ဖက်အစစ်ဖြစ်တဲ့ တရုတ်တို့၊ ရုရှာတို့ဟာ အမေရိကန်ပြည်ထောင်စုက မရေရာမသေချာတဲ့ အာဖဂန်နစ္စတန်နိုင်ငံတည်ငြိမ်ရေးအတွက် အာရုံစိုက်ပြီး ဒေါ်လာဘီလျံပေါင်းများစွာ ဆက်လက်ကဲ့ထုတ်နေ တာထက် ဘာမှမလုပ်တာကို သဘောကျမှာပါ။” ဟု ယခုသီတင်းပတ်အတွင်းပြောဆိုခဲ့သည့် မိန့်ခွန်းတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ၎င်း၏သဘောထားကို ရှင်းလင်းစွာထည့်သွင်းပြောဆိုခဲ့သည်။
တရုတ်အစိုးရက တာလီဘန်များအာဏာပြန်လည်ရရှိလာပြီးနောက် အန္တရာယ်ကိုရော အခွင့်အလမ်းကိုပါ စောင့်ကြည့်နေကြောင်း ဝန်စန်းဝေကပြောသည်။ အခြားတစ်ဖက်တွင်လည်း တာလီဘန်များသည် သမိုင်း ကြောင်းအရ အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုရှိခဲ့သဖြင့် အာဖဂန်နစ္စတန်အနေဖြင့် အကြမ်းဖက်သမားတို့ ယာယီလှုပ်ရှားခိုလှုံရာနေရာတစ်ခုဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသည်။
တာလီဘန်များအနေဖြင့် ပြည်ပမှတိုက်ခိုက်ရေးသမားများကို အာဖဂန်နစ္စတန်နိုင်ငံကိုအခြေပြု၍ စစ်ဆင်ရေး ဆောင်ရွက်ရန်ခွင့်ပြုမည်မဟုတ်ကြောင်း လွန်ခဲ့သည့်လက တရုတ်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည့် တာ လီဘန်အဖွဲ့ ပူးတွဲတည်ထောင်သူ မူလာအဗ္ဗဒူဂါနီဘရာဒါက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ရီကိုပြောသည်။
“အမေရိကန်အစိုးရအတွက် အာရှ-ပစိဖိတ်ဒေသဟာ ထည့်သွင်းဆွေးနွေးရမယ့်အထဲမှာ အရေးကြီးတဲ့ခေါင်းစဉ် ဖြစ်လာနိုင်ပါတယ်။ တောင်တရုတ်အရေးအခင်းနဲ့ ထိုင်ဝမ်အရေးဟာ တရုတ်ရဲ့နိုင်ငံရေးနဲ့ သံတမန်အရေး အ ရင်းအမြစ်တွေကို ခွဲခြားပစ်လိုက်နိုင်တဲ့အတွက် အမေရိကန်ဟာ အဲဒီအရေးတွေကတစ်ဆင့် တရုတ်အစိုးရကို စိတ်မသက်မသာ ဖြစ်အောင် အမြဲဖန်တီးချင်နေတာပါ။” ဟု တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ အမေရိကန်ဆိုင် ရာအထူးကျွမ်းကျင်သူ လူစန်းကပြောသည်။
Ref: As China, Pakistan weigh recognising Taliban, experts warn long-term losses, US ire
#PeopleMedia
(unicode)
………………………………………………………………………
Ref: As China, Pakistan weigh recognising Taliban, experts warn long-term losses, US ire
#PeopleMedia