• Follow Us on
Latest News

Home တာဝေးပစ်လက်နက်တွေ သုံးဖို့အတွက် ယူကရိန်းထံက ခိုင်လုံတဲ့အကြောင်းရင်းရဖို့ အမေရိကန် ကြိုးပမ်းနေ

တာဝေးပစ်လက်နက်တွေ သုံးဖို့အတွက် ယူကရိန်းထံက ခိုင်လုံတဲ့အကြောင်းရင်းရဖို့ အမေရိကန် ကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၁

 

အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့လက်နက်တွေ အသုံးပြုခွင့်ကန့်သတ်မှုကို ဖြေလျှော့ပေးဖို့ တွန်းအား ပေးနေတဲ့အချိန်မှာ အဲဒီလက်နက်အသုံးပြုမှုလျှော့ချပေးလိုက်တာနဲ့ စစ်ပွဲအခြေအနေပြောင်းလဲမှုအပေါ် ဘယ် လောက်အထိ အကျိုးသက်ရောက်မှုရှိနိုင်သလဲဆိုတာကို ယူကရိန်းထံက ပိုမိုရှင်းလင်းစွာ သိရဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေပါတယ်။

 

အမေရိကန်ထောက်ပံ့ထားတဲ့ တာဝေးပစ်လက်နက်တွေကို ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုးမြှင့်တိုက်ခိုက်ခွင့် ပြုဖို့ တောင်းဆိုနေတဲ့ စစ်ဆင်ရေးရည်မှန်းချက်တွေကို ဖော်ပြပေးဖို့ ယူကရိန်းနိုင်ငံကို အမေရိကန်အာဏာပိုင် တွေက တောင်းဆိုထားပါတယ်။

 

ယူကရိန်းနိုင်ငံကတော့ ၎င်းတို့အနေနဲ့ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အထိ ပစ်ခတ်နိုင်တဲ့ ATACMS ဒုံးကျည် တွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းပိုင်းထဲက ရုရှား လေယာဉ်ကွင်းတွေ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေနဲ့ လက်နက်တိုက်တွေကို တိုက်ခိုက်သွားဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

 

လက်ရှိအချိန်မှာ ထောက်ပံ့ထားတဲ့လက်နက်တွေကိုအသုံးပြုပြီး ယူကရိန်းအနေနဲ့ ယူကရိန်းနိုင်ငံထဲက ရုရှား သိမ်းပိုက်ထားတဲ့နယ်မြေကိုသာ တိုက်ခိုက်ဖို့ ဂျိုးဘိုင်ဒန်အစိုးရက ခွင့်ပြုထားပါတယ်။

 

ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်ရင် စစ်ပွဲအပေါ် အကျိုးသက်ရောက်မှု ပိုမိုကြီးမားလာပြီး စစ်ပွဲပိုမိုကျယ်ပြန့် ကာ အန္တရာယ်ပိုကြီးလာနျိုင်တယ်လို့ အမေရိကန်အရာရှိတွေက တွက်ဆထားဆဲဖြစ်ပါတယ်။

 

တစ်ဖက်မှာလည်း စစ်ပွဲအဆင့်ကို ချိန်ညှိဖို့အတွက် ထောက်ပံ့ထားတဲ့လက်နက်တွေကိုအသုံးပြုပြီး ရုရှားနိုင်ငံအ တွင်းပိုင်းထဲအထိ ယူကရိန်းနိုင်ငံကို တိုက်ခိုက်ခွင့်ပြုဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း အမေရိကန်ကို တောင်း ဆိုနေကြပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားတပ်တွေဟာ တာဝေးပစ်လက်နက်တွေဖြစ်တဲ့ လေယာဉ်၊ ဒုံးကျည်နဲ့ ဒရုန်း တွေကို အသုံးပြုပြီး ယူကရိန်းကို တောက်လျှောက်တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ရုရှားဘက်က တစ်ပန်းသာ နေပါတယ်။

 

တောင်းဆိုနေတဲ့အတိုင်းခွင့်ပြုလိုက်ရင် စစ်ပွဲအခြေအနေ ပိုမိုဆိုးရွာလာမှာ စိုးရိမ်နေသလို စစ်ပွဲမှာ အမေရိကန် လက်နက်တွေကို ရုရှားဘက်က ရသွားတဲ့အခါမှာလည်း အဲဒီလက်နက်တွေက နည်းပညာတွေကို အသုံးချပြီး ရုရှားဘက်က အလားတူ ခေတ်မီလက်နက်တွေ ပြန်လည်ထုတ်လုပ်လာနိုင်မှာကိုလည်း အမေရိကန်အစိုးရက စိုးရိမ်နေပါတယ်။

 

တခြားတစ်ဖက်မှာလည်း ယူကရိန်းနိုင်ငံဟာ တာဝေးပျံသန်းနိုင်တဲ့ ဒရုန်းတွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်း ပိုင်းထဲကို တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း၊ အဲဒီဒရုန်းတွေအသုံးပြုမှုဟာ အခုတောင်းဆိုနေတဲ့ လက်နက်တွေထက် ကုန်ကျစရိတ်သက်သာသလို မဟာဗျူဟာအရလည်း ပိုမိုအားသာချက်ရှိတယ်လို့ ပြောဆိုနေတာတွေလည်း ရှိ ပါတယ်။

 

ဒါ့အပြင် လက်ရှိအချိန်မှာ ရုရှားအစိုးရဟာ ၎င်းတို့ရဲ့ အရေးအပါဆုံး စစ်လက်နက်ပစ္စည်းတွေကို ATACMS ဒုံးကျည်တွေ လက်လှမ်းမမီတဲ့နေရာတွေကို ရွှေ့ပြောင်းထားပြီး ဖြစ်တဲ့အတွက် ATACMS ဒုံးကျည်တွေကိုအ သုံးပြုမယ်ဆိုရင်လည်း ထင်သလောက် ခရီးမရောက်နိုင်တော့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

 

“လက်နက်စနစ်တစ်ခုက အဆုံးအဖြတ်ပေးသွားလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ အနောက်ကထောက်ပံ့ထားတဲ့ လက်နက်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်ခွင့်ပေးလိုက်မယ်ဆိုရင် စစ်ပွဲသဘာဝဟာ လုံးဝ သိသိသာသာ ပြောင်းလဲသွားမှာဖြစ်ကြောင်း ရုရှား သမ္မတဗလာဒီမာပူတင်က သတိပေးထားပါတယ်။

 

Ref: US Seeks Clarity from Ukraine on Expanded Use of Long-Range Weapons

 

#PeopleMedia


Share this post