• Follow Us on

Home တာဝေးပျံသန်းနိုင်တဲ့ ISR ဒရုန်းနဲ့ MQ-9 ဒရုန်းကို အစားထိုးဖို့ AFRICOM ကြိုးပမ်းနေ

တာဝေးပျံသန်းနိုင်တဲ့ ISR ဒရုန်းနဲ့ MQ-9 ဒရုန်းကို အစားထိုးဖို့ AFRICOM ကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀

 

ထောက်လှမ်းရေးသတင်း (စစ်သတင်း)၊ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်းထောက်တာဝန် (ISR mission) တွေ ထမ်းဆောင်ရာမှာ တာဝေးပိုမိုပျံသန်းနိုင်ဖို့အတွက် MQ-9 Reaper အစား တခြားဒရုန်းအမျိုးအစားသစ် အစားထိုးနိုင်ရေး အမေရိကန်တပ်မတော်အာဖရိက စစ်ဌာနချုပ် (AFRICOM) က ကြိုးပမ်းနေပါတယ်။

 

General Atomics ကုမ္ပဏီထုတ် MQ-9 Reaper ဒရုန်းတွေဟာ အခုအချိန်မှာ သက်တမ်းရင့်လာပြီဖြစ်တဲ့အ တွက် ပိုမိုခေတ်မီတဲ့ ဒရုန်းတွေ အစားထိုးဖို့ လိုအပ်လာပြီဖြစ်ကြောင်း AFRICOM အရာရှိတွေက ဝါရှင်တန်ဒီစီ မှာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးအစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

လေထဲမှာ သုံးရက်ကျော်ကြာတဲ့အထိ ကောင်းစွာနေနိုင်ပြီး တာဝေးပျံသန်းနိုင်တဲ့ ဒရုန်းတွေရှိဖို့ အရေးကြီးပုံကို လည်း ၎င်းတို့က အလေးထားထောက်ပြခဲ့ပါတယ်။

 

အဆင့်မြှင့်တင်ထားတဲ့ MQ-9 Reaper ဒရုန်းရဲ့ တစ်ဆက်တစ်စပ်တည်း တာဝေးပျံသန်းနိုင်တဲ့အချိန်က နာရီ ၃၀ ရှိပါတယ်။

 

ဒေသတွင်းမှာ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးမြင်ကွင်းက AFRICOM ရဲ့ ISR စွမ်းရည်တွေ (စစ်သတင်း၊ စောင့်ကြည့်ထောက်လှမ်း၊ ကင်းထောက်တာဝန်) ကို လာရောက် ရိုက်ခတ်မှုရှိကြောင်း AFRICOM ရဲ့ မဟာ ဗျူဟာမြောက်စစ်လက်နက်ပစ္စည်းဌာနအကြီးအကဲ ဖရက်ဒ်ဂရီဂိုရီ က ပြောပါတယ်။

 

မကြာသေးခင်က နိုင်ဂျာနိုင်ငံက ပြန်လည်ဆုတ်ခွာလာရတဲ့အတွက် AFRICOM စစ်ဌာနချုပ်ဟာ အာဖရိကမှာ ၎င်းတို့ရဲ့ အဓိက ISR အခြေစိုက်စခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အင်္ဂလန်နဲ့ ဆိုမာလီယာကနေ ပျံသန်းနေရ တယ်လို့ ဆိုပါတယ်။

 

“အခုလိုပြောတဲ့သဘောက အချိန်နဲ့ အကွာအဝေး ပိုမိုပျံသန်းနိုင်တဲ့ ဒရုန်းတွေ ကျွန်တော်တို့မှာမရှိဘူးလို့ ဆိုလို ပါတယ်။ ကျွန်တော်တို့မှာက ဒရုန်းအခြေစိုက်စခန်းတွေ အများအပြားမရှိဘူး။ ဒါ့ကြောင့် လက်ရှိအချိန်မှာ MQ-9 Reaper ဒရုန်းက အကြီးဆုံးဒရုန်းဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာ တာဝေးပျံသန်းနို်င်တဲ့ဒရုန်းတွေ ရရှိဖို့က စိန် ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။” လို့ ဂရီဂိုရီက ပြောပါတယ်။

 

သင့်တော်တဲ့အစားထိုးမှုမရှိခဲ့ရင် ဒေသတွင်းက AFRICOM စစ်ဌာနချုပ်ရဲ့ ISR စွမ်းရည်တွေဟာ ၂၀၂၆ ခုနှစ် မတိုင်ခင် တဖြည်းဖြည်း ဆုတ်ယုတ်လျော့ပါးလာမှာဖြစ်ကြောင်း ဂရီဂိုရီက သတိပေးပြောကြားပါတယ်။

 

“ကျွန်တော်တို့မှာ ထိရောက်တဲ့ လေကြောင်း ISR စွမ်းရည်တွေ ရှိမှာမဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

တာဝေးပျံဒရုန်းတွေအတွက် ရန်ပုံငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖွေခွဲဝေထားပြီးဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် သုတေသနနဲ့ အင်ဂျင်နီယာဌာနက လက်ထောက်အတွင်းဝန် ဟိုင်ဒီရှိုင်ယူက ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၇ ရက်ကနေ ၈ ရက်ကြာ ပျံသန်းနိုင်တဲ့ မောင်းသူမဲ့လေယာဉ်ကို စမ်းသပ်မှု ပြု လုပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောပေမဲ့ အသေးစိတ်ထုတ်ဖော်ပြောကြားခြား မရှိပါဘူး။

 

ဒါ့အပြင် ပင်တဂွန်စစ်ဌာနချုပ်ဟာ ကမ္ဘာ့လေထုအထက်က ပျံသန်းတဲ့ ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် တွေထုတ်လုပ်ဖို့အတွက်လည်း စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နေတယ် လို့ ဆိုပါတယ်။

 

အမေရိကန်လေတပ်က ၎င်းတို့ရဲ့ ULTRA ကင်းထောက်ဒရုန်းဟာ စမ်းသပ်ပျံသန်းစဉ်အတွင်း ၃ ရက်ကြာ ပျံ သန်းနိုင်ခဲ့ကြောင်း ဇူလိုင်လအတွင်းက ကြေညာခဲ့ပါတယ်။

 

Ref: AFRICOM Seeking New Long-Range ISR Drone to Replace MQ-9 Reaper

 

#PeopleMedia


Share this post