• Follow Us on

Home တာဝေး/အမြင့်ပျံ မောင်းသူမဲ့လေယာဉ်သုတေသနလုပ်ငန်းတွေအတွက် တောင်ကိုရီးယားနဲ့ ဘိုးရင်းကုမ္ပဏီ ပူးပေါင်းဆောင်ရွက်မည်

တာဝေး/အမြင့်ပျံ မောင်းသူမဲ့လေယာဉ်သုတေသနလုပ်ငန်းတွေအတွက် တောင်ကိုရီးယားနဲ့ ဘိုးရင်းကုမ္ပဏီ ပူးပေါင်းဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃

 

တာဝေး/အမြင့်ပျံ မောင်းသူမဲ့လေယာဉ်သုတေသနလုပ်ငန်းတွေအတွက် တောင်ကိုရီးယားနိုင်ငံ စစ်လက်နက် ပစ္စည်းဝယ်ယူရေးအဖွဲ့ဟာ အမေရိကန်ဘိုးရင်းကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ဘိုးရင်းကုမ္ပဏီရဲ့ လေယာဉ်ဒီဇိုင်းနဲ့ မောင်းသူမဲ့လေယာဉ်နည်းပညာတွေကို အသုံးပြုပြီး တောင်ကိုရီးယားနိုင်ငံ က ခေတ်မီမောင်းသူမဲ့လေယာဉ်တွေထုတ်လုပ်ဖို့အတွက် အခုလို ပူးပေါင်းဆောင်ရွက်နေတာဖြစ်ကြောင်း စစ် လက်နက်ပစ္စည်းဝယ်ယူရေးအဖွဲ့ (Defense Acquisition Program Administration – DAPA) ကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

 

တောင်ကိုရီးယားတပ်မတော်က အသုံးပြုနေတဲ့ ဘိုးရင်းကုမ္ပဏီထုတ် လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းမှု၊ တစ် စိတ်တစ်ပိုင်းပြုပြင်မှု၊ အလုံးစုံပြုပြင်မှုနဲ့ အဆင့်မြှင့်တင်မှုတွေအတွက်လည်း တောင်ကိုရီးယားက DAPA နဲ့ ဘိုးရင်းကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

တောင်ကိုရီးယားတပ်မတော်မှာ ဘိုးရင်းကုမ္ပဏီထုတ် F-15K ဂျက်တိုက်လေယာဉ်တွေ၊ E-737 ကြိတင်အချက် ပေးကင်းထောက်လေယာဉ်တွေနဲ့ AH-64E Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အသုံးပြုနေပါတယ်။

 

ခေတ်မီလက်နက်စနစ်တွေအတွက် သုတေသန၊ ထုတ်လုပ်မှု၊ ဈေးကွက်ရှာဖွေရေးတို့နဲ့ ပတ်သက်ပြီး ဧပြီလ အ တွင်းက နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပြီးနောက်မှာ အခုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါ တယ်။ ထုတ်လုပ်မယ့် လက်နက်စနစ်တွေ အမျိုးအစားသတ်မှတ်ဖို့အတွက် ပုံမှန်အစည်းအဝေးတွေကို ပြုလုပ်သွားဖို့ သဘောတူညီချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

“ဘိုးရင်းကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံနဲ့ သစ္စာရှိစွာလက်တွဲဆောင်ရွက်လာတာ နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။” လို့ ဘိုးရင်းကုမ္ပဏီရဲ့ ကာကွယ်ရေး/အာကာသ/လုံခြုံရေး CEO နဲ့ ဥက္ကဋ္ဌတက်ဒ်ကိုးလ်ဘတ်တ်က ဧပြီလက ပြောပါတယ်။

 

“အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေဖို့အတွက် ဘိုးရင်းကုမ္ပဏီနဲ့ တောင်ကိုရီးယား DAPA တို့ရဲ့ မဟာဗျူဟာမြောက်မိတ်ဖက်အဖွဲ့အစည်းတစ်ရပ်ထူထောင်ခြင်းအားဖြင့် ဒီသ ဘောတူညီချက်ကို နှစ်ဖက်ဘုံအကျိုးစီးပွားနဲ့အညီ ဆောင်ရွက်တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: South Korea and Boeing to Research Long-Endurance Military Drones

 

#PeopleMedia


Share this post