• Follow Us on
Latest News

Home တိုက်ပွဲများ၌ ကျဆုံးသွားသည့် PDF အဖွဲ့ဝင် ရဲဘော် (၃) ဦးကို ဂုဏ်ပြုဦးညွှတ်ကြောင်း ဗကသများအဖွဲ့ချုပ် (မုံရွာ) ထုတ်ပြန်

တိုက်ပွဲများ၌ ကျဆုံးသွားသည့် PDF အဖွဲ့ဝင် ရဲဘော် (၃) ဦးကို ဂုဏ်ပြုဦးညွှတ်ကြောင်း ဗကသများအဖွဲ့ချုပ် (မုံရွာ) ထုတ်ပြန်

Share this post

No description available.

No description available.

 

မုံရွာ၊ ဇူလိုင် – ၃၀ (People Media)

 

တိုက်ပွဲများ၌ ကျဆုံးသွားသည့် PDF အဖွဲ့ဝင် ရဲဘော် (၃) ဦးကို ဂုဏ်ပြုဦးညွှတ်ကြောင်း ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ) က ဇူလိုင် (၂၉) ရက်နေ့၌ သတင်းထုတ်ပြန်ထားပါတယ်။

 

တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော် နိုင်ရဲခန့် (မုံရွာခရိုင် ကျောင်းသားများသမဂ္ဂ)၊ ရဲဘော်ကောင်းဆက်ဟိဏ်း (မုံရွာခရိုင် ကျောင်းသားများသမဂ္ဂ) တို့ဖြစ်ပြီး ၎င်းတို့သည် မုံရွာတက္ကသိုလ်ကျောင်းသားများဖြစ်ကြပါတယ်။

 

ထို့အတူ ရဲဘော် သော်ဆွေ(အခြေခံပညာကျောင်းသားများသမဂ္ဂ)တို့ (၃) ဦး ကျဆုံးခဲ့တယ်လို့ ဗကသများအဖွဲ့ ချုပ် (မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ)က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 

အဆိုပါ ထုတ်ပြန်ချက်၌ “တော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့တာဝန်ကို ကျွန်ုပ်တို့ ဆက်လက်ထမ်းဆောင်သွား ပါမယ်” လို့ ဖော်ပြထားပါတယ်။

 

#PeopleMedia #ဗကသ #မုံရွာ #PDF

 

(unicode)


………………………………………………

 


 


 


 


 


 



Share this post