• Follow Us on
Latest News

Home တိုက်ကြီးမြို့တွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ရာ ခရီးသည် (၁၀) ဦးဒဏ်ရာရပြီး ယာဉ်မောင်းထွက်ပြေး

တိုက်ကြီးမြို့တွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ရာ ခရီးသည် (၁၀) ဦးဒဏ်ရာရပြီး ယာဉ်မောင်းထွက်ပြေး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာထိပ်တွင် Mini Bus ခရီးသည် ယာဉ်တစ်စီး အရှိန်လွန်၍ တိမ်းမှောက်ရာ ခရီးသည် ၁၀ ဦး ဒဏ်ရာရရှိပြီး ယာဉ်မောင်းသူမှာ ထွက်ပြေးသွား ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ရန်ကုန်မှ ပြည်ဘက်သို့မောင်းနှင်လာသည့် Mini Bus ခရီး သည်မော်တော်ယာဉ်မှာ တိုက်ကြီးမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာထိပ်တွင် အရှိန်လွန်၍ လမ်းဘေးရှိ ဓာတ်တိုင် အား ဝင်တိုက်မိရာ လမ်းဘေးလယ်ကွက်ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မူကြောင့် ယာဉ်မောင်းအမျိုးသားမှာ ထွက်ပြေးသွားကြောင်း၊ ယာဉ်နောက်လိုက်အမျိုးသားမှာ ဘယ်ဘက်လက်ကျိုးပြီး ယာဉ်ပေါ်တွင်လိုက်ပါသည့် ခရီးသည် ၉ ဦးလည်း ဒဏ်ရာများရရှိပြီး ထိခိုက်ဒဏ်ရာရ ရှိသူတစ်ချို့ကို ဥက္ကံဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post