တိုက်ကြီးမြို့ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိ မြေငလျင်လှုပ်ခတ်
PUBLISHED - December 6, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့ မွန်းလွဲ ၂ နာရီ ၉ မိနစ်အချိန်က လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄) နာရီ၊ (၀၉) မိနစ်၊ (၂၀) စက္ကန့် အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ မြောက်ဘက် မိုင် (၃၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့ဘက် (၁၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားသည်ကို တိုင်းထွာရရှိကြောင်း သိရသည်။
#PeopleMedia