တိုက်ကြီးမြို့၏ အရှေ့မြောက်ဘက်ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်
PUBLISHED - October 11, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့၏ အရှေ့မြောက်ဘက် ဗဟိုပြု၍ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
အောက်တိုဘာလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၂၃) မိနစ်၊ (၅၅) စက္ကန့် အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ မြောက်ဘက် (၄၂) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့မြောက် ဘက် (၁၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၄၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၆) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေ ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။
#PeopleMedia