• Follow Us on

Home တိုက်ခိုက်ရေးတပ်မတွေကို ပံ့ပိုးဖို့အတွက် ယူကရိန်းအမျိုးသားလုံခြုံရေးတပ်ဖွဲ့က ဒရုန်းတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထူထောင်

တိုက်ခိုက်ရေးတပ်မတွေကို ပံ့ပိုးဖို့အတွက် ယူကရိန်းအမျိုးသားလုံခြုံရေးတပ်ဖွဲ့က ဒရုန်းတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထူထောင်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄

 

ယူကရိန်းအမျိုးသားလုံခြုံရေးတပ်ဖွဲ့ဟာ တိုက်ခိုက်ရေးတပ်မကြီးတွေကို မောင်းသူမဲ့လေယာဉ်စစ်ဆင်ရေး ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက် ဒရုန်းတစ်ဖွဲ့တစ်ဖွဲ့ကို ထူထောင်လိုက်ပါတယ်။

 

“တိုင်ဖွန်းတပ်ဖွဲ့” ခေါ် အဲဒီဒရုန်းတပ်ဖွဲ့ဟာ ဒရုန်းအမျိုးအစား အမျိုးမျိုးအသုံးပြုထားတဲ့ အမျိုးသားလုံခြုံရေးအ စောင့်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအားလုံးအတွက် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စစ်ဆင်ရေးအတွက် အင်အားဖြည့်တင်းဖို့ အဲဒီတပ်ဖွဲ့ရဲ့ နောက်ဆုံးပေါ် မောင်းသူမဲ့လေယာဉ်စနစ်အကူအညီနဲ့ အဲဒီတပ်ဖွဲ့ကို အလျင်အမြန် အကူအညီတောင်း ဆင့်ခေါ်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဒီဒရုန်းတပ်ဖွဲ့ဟာ တခြားတပ်ဖွဲ့ဝင်တွေ ဒရုန်းစစ်ဆင်ရေးနဲ့ ရင်းနှီးကျွမ်းဝင်လာအောင်ကူညီဖို့အတွက် ဒရုန်းသင်တန်းတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

 

“တိုင်ဖွန်းတပ်ဖွဲ့” ထဲမှာ တာဝန်ထမ်းဆောင်ရတဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ ဒရုန်းမျိုးစုံကို ကိုင် တွယ်မောင်းနှင်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ ပိုင်းလော့တစ်ယောက် ဖြစ်လာဖို့ အတွက် သင်တန်းတွေအဆက် မပြတ်ထောက်ပံ့ပေးတဲ့ အခွင့်အလမ်းရရှိနေတာပဲဖြစ်ပါတယ်။” လို့ ဒရုန်းတပ်ဖွဲ့အကြီးအကဲ မီခိုင်းလိုးကေမီ ယပ်က်က ပြောပါတယ်။

 

စိတ်ဝင်စားတဲ့သူအနေနဲ့ ဒရုန်းတပ်ဖွဲ့အတွင်း ဝင်ရောက်နိုင်ပြီး လျှောက်လွှာမေးခွန်းတွေကို ဖြေဆိုပြီးနောက် လေးပတ်ကြာ တိုက်ခိုက်ရေးသင်တန်း တက်ရောက်ရမှာဖြစ်ပါတယ်။ “စိတ်ဝင်စားပြီး တက်ကြွတဲ့သူတွေ များလာလေလေ ကျွန်တော်တို့အောင်ပွဲက ပိုနီးလာလေလောပါပဲ။” လို့ ဒရုန်းတပ်ဖွဲ့ ဒုတိယအကြီးအကဲ ပက်ဗ်လိုဂဗောဇ်ဒန်ကိုက ပြောပါတယ်။

 

ယူကရိန်းအစိုးရက လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲမှာ မောင်းသူမဲ့လေယာဉ်တွေရဲ့ အခန်းကဏ္ဍကို ဆက်လက်မြှင့် တင်နေစဉ်အတွင်း အခုလို ဒရုန်းအထူးပြုတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

 

ဒရုန်းစစ်ဆင်ရေးတစ်ခုတည်းသက်သက်အတွက် ရည်မှန်းထားတဲ့ “သီးခြားဒရုန်းတပ်ဖွဲ့တစ်ဖွဲ့” တည်ထောင်ဖို့ အခုနှစ်အစောပိုင်းမှာ သမ္မတဗလာဒီမာဇီလန်စကီးက ညွှန်ကြားခဲ့ပါတယ်။

 

အမျိုးသားလုံခြုံရေးတပ်ဖွဲ့ရဲ့ သီးခြားဒရုန်းတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်မှုဟာ ယူကရိန်းတပ်မတော်ရဲ့ တခြားတပ်ဖွဲ့တွေလိုပဲ မောင်းသူမဲ့လေယာဉ်စနစ်ဟာ လက်ရှိအချိန်မှာ ဖွံ့ဖြိုးတိုးတက်နေပြီဆိုတာကို သက် သေပြလိုက်တာဖြစ်ကြောင်း မောင်းသူမဲ့စနစ်များ အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး မာ့ခ်ဆမ်ဆက်ယာက ပြော ပါတယ်။

 

Ref: Ukraine National Guard Forms Drone Unit to Support Combat Brigades

 

#PeopleMedia


Share this post