• Follow Us on
Latest News

Home တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားထဲမှာ နေ့စဉ် တစ်ရက် လေးနာရီအပစ်အခတ်ရပ်စဲပေးဖို့ အစ္စရေးဘက်က သဘောတူကြောင်း အိမ်ဖြူတော်ပြော

တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားထဲမှာ နေ့စဉ် တစ်ရက် လေးနာရီအပစ်အခတ်ရပ်စဲပေးဖို့ အစ္စရေးဘက်က သဘောတူကြောင်း အိမ်ဖြူတော်ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀

 

ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားထဲက လူသားချင်းစာနာထောက်ထားမှုအစီအစဉ်တွေ ဆောင်ရွက်နိုင်ဖို့အတွက် တစ်ရက်ကို လေးနာရီကြာ အပစ်အခတ်ရပ်စဲပေးဖို့ အစ္စရေးဘက်က သဘောတူညီ လိုက်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။

 

အဲဒီသဘောတူညီချက်ဟာ ကြာသပတေးနေ့ (နိုဝင်ဘာလ ၉ ရက်နေ့) မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး အရပ်သားတွေ ဘေးကင်းလုံခြုံရာထွက်ခွာသွားနိုင်ဖို့အတွက် ဒုတိယလမ်းကြောင်းတစ်ခုရရှိခြင်းဖြစ်တယ်လို့ အ မေရိကန်အစိုးရက ပြောပါတယ်။

 

အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွတွေကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့အတွက် ပါလက်စတိုင်းလူမျိုး ထောင်ပေါင်းများစွာဟာ ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကို ခြေကျင်ခရီးနဲ့ ထွက်ပြေးနေကြရပါတယ်။

 

ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသမှာ ထိန်းသိမ်းထားတဲ့ ဓားစာ ခံ ၂၄၀ ဝန်းကျင်ကို ပြန်လွှတ်ပေးဖို့ စကားကမ်းလှမ်းတာ လုံးဝမရှိကြောင်း အစ္စရေးသမ္မတအိုင်းဆက်ဟာဇော့ က NBC သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

 

အစ္စရေးနိုင်ငံရဲ့ဖွဲ့စည်းပုံအရ သမ္မတဖြစ်တဲ့ အိုင်းဆက်ဟာဇော့က မူဝါဒချမှတ်တာတွေ ဆောင်ရွက်ခြင်းမရှိဘဲ ဝန်ကြီးချုပ်ဖြစ်တဲ့ ဘင်ဂျမင်နတန်ယာဟုကသာ မူဝါဒချမှတ်သူဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ အရပ်သားတွေကိုကာကွယ်ရေးဟာ ဆွေးနွေးစရာမလိုတဲ့ကိစ္စဖြစ်တာကြောင့် အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲပေးဖို့ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကလည်း ကြာသပတေးနေ့က တောင်းဆိုလိုက်ပါတယ်။

 

ပဲရစ်မြို့မှာကျင်းပခဲ့တဲ့ ဂါဇာဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအစည်း အဝေးမှာ မက်ခရွန်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

 

အစ္စရေး.-ဟားမတ်စ်စစ်ပွဲဖြစ်ပွားပြီး တစ်လအကြာ အစ္စရေးတပ်တွေ ဂါဇာဒေသတစ်ခုလုံးနီးပါးကို သိမ်းပိုက် ထားနိုင်လုလု အခြေအနေမှာ ပါလက်စတိုင်းစီးပွားရေးကျဆင်းမှုနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂအစီရင်ခံစာတစ် စောင်ထွက်ပေါ်လာခဲ့ပါတယ်။

 

စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ပထမလအတွင်းမှာ အနောက်ဘက်ကမ်းခြေဒေသနဲ့ ဂါဇာဒေသမှာ စုစုပေါင်းပြည်တွင်း ထုတ်ကုန် (GDP) ၄% အထိ ထိုးကျသွားခဲ့ပြီး လူဦးရေ ၄၀၀,၀၀၀ ကျော် ဆင်းရဲဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။

 

ဒီပမာဏဟာ အစ္စရေး-ဟားမတ်စ်စစ်ပွဲမဖြစ်ခင် ဆီးရီးယားစစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲမှာ မမြင်ခဲ့ရတဲ့ စီးပွားရေးထိ ခိုက်မှုပမာဏဖြစ်တယ်လို့ဆိုပါတယ်။

 

အစ္စရေးတွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ အိုးအိမ်အဆောက်အအုံ ၄၅% ထက်မနည်း ပျက်စီးသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးစီမံချက် UNDP နဲ့ အနောက်အာရှဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လှုမှုရေးကော်မရှင်အဖွဲ့က ပြုလုပ်ခဲ့ပြီး ကြာသပတေးနေ့ကထုတ်ပြန်ခဲ့တဲ့ ဆန်းစစ်လေ့လာမှုအစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

 

ဒုတိယလမှာ စစ်ပွဲဆက်လက်ဖြစ်ပွားနေဦးမယ်ဆိုရင် စစ်ပွဲမဖြစ်ခင်က စုစုပေါင်းပြည်တွင်းထုတ်ကုန်ပမာဏ ဒေါ်လာ ၂၀.၄ ဘီလျံရှိတဲ့ ပါလက်စတိုင်းတွေရဲ့ GDP ဟာ ၈.၄% အထိ ထိုးကျသွားလိမ့်မယ်လို့ ကုလသမဂ္ဂ က တွက်ချက်ထားပါတယ်။

 

တတိယလအထိ စစ်ပွဲဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ပါလက်စတိုင်း GDP ဟာ ၁၂% အထိ ထိုးကျသွားမှာ ဖြစ်ပြီး ဒေါ်လာ ၂.၅ ဘီလျံဆုံးရှုံးကာ လူဦးရေ ၆၆၀၀၀၀ ကျော် ဆင်းရဲဒုက္ခခံစားကြရလိမ့်မယ်လို့ဆိုပါတယ်။

 

အခုနှစ်အကုန်မှာ ပါလက်စတိုင်း GDP ၁၂% အထိ ထိုးကျသွားမယ်ဆိုရင် အလွန်ဆိုးရွားပြီး မကြုံဖူးတဲ့အဖြစ် ဖြစ်လာမှာဖြစ်ကြောင်း UNDP လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်အဗ္ဗဒါလာ အယ်လ်ဒါဒရီက ပြောပါ တယ်။

 

“နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၁ ခုနှစ်ကစတင်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အမြင်ဆုံးကာလမှာ တစ်လကို GDP ၁% လျော့နည်းကျဆင်းခဲ့သလို ယူကရိန်းစစ်ပွဲ ၁၈ လအတွင်းမှာ GDP ကျဆင်းမှု ၃၀% ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: White House says Israel will implement 4-hour pauses in fighting in areas of north Gaza every day

 

#PeopleMedia


Share this post