တိုက်ပွဲတွေဖြစ်နေတဲ့ကြားက နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တရုတ်တိုက်တွန်း

PUBLISHED - November 7, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၇
မြန်မာနိုင်ငံမှာ နစက အစိုးရကိုတော်လှန်နေတဲ့ လက်နက်ကိုင်အုပ်စုတွေက အဓိကကုန်သွယ်ရေးစခန်းတစ်ခု ကို သိမ်းပိုက်လိုက်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ အစိုးရကို တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂကပြောတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၂၃၀၀၀ ကျော်အရေးဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့စနေ/တနင်္ဂ နွေက တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နောင်ရောင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြောင်း တရုတ်အ စိုးရက တနင်္လာနေ့ (နိုဝင်ဘာလ ၆ ရက်နေ့) က ပြောပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာနောင်ရောင်းဟာ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးသန်းရွှေ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
“နယ်စပ်ဒေသမှာနေထိုင်တဲ့ တရုတ်ပြည်သူတွေရဲ့ အသက်စည်းစိမ်အိုးအိမ်လုံခြုံရေး ဆောင်ရွက်နိုင်ဖို့နဲ့ တာ ဝန်ရှိတဲ့တရုတ်ဝန်ထမ်းတွေရဲ့လုံခြုံရေးကိစ္စတွေ မြှင့်တင်ဆောင်ရွက်နိုင်ဖို့ တရုတ်-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်ရေးထိန်းသိမ်းနိုင်ဖို့အတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါ တယ်။” လို့ မစ္စတာနောင်ရောင်းက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက မြန်မာနိုင်ငံက သူပုန်အဖွဲ့တွေဟာ နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်တဲ့ ချင်းရွှေဟော် မြို့ကို သိမ်းပိုက်လိုက်ကြပါတယ်။ ချင်းရေရွှဟော်မြို့ဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား နှစ်စဉ် ဒေါ်လာ ၁.၈ ဘီလျံဝန်းကျင် ကုန်သွယ်မှုရှိနေတဲ့ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။
အခုလို ချင်းရွှေဟော်မြို့အသိမ်းခံလိုက်ရတာဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ထွက်ပေါ်လာတဲ့ မြန်မာ နစက အစိုးရကို တိုက်ခိုက်လိုက်တဲ့ အဓိကထိုးနှက်ချက်တစ်ရပ်အဖြစ်ရှုမြင်ကြပါတယ်။
တရုတ်အစိုးရကတော့ ၎င်းတို့ ဒေါ်လာ ၁ ထရီလီယန်အကုန်အကျခံဆောင်ရွက်နေတဲ့ ပိုးလမ်းမကြီးစီမံကိန်း အရ ဒေါ်လာဘီလျံချီပြီးအကုန်အကျခံတည်ဆောက်မယ့် ရထားလမ်းစီမံကိန်းပါဝင်တဲ့ မြန်မာနိုင်ငံမြောက်ပိုင်း မှာ အပစ်အခတ်ချက်ချင်းရပ်စဲဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (နိုဝင်ဘာလ ၂ ရက် နေ့) က တောင်းဆိုလိုက်ပါ တယ်။
လက်ရှိတိုက်ခိုက်မှုတွေမှာပါဝင်ဆောင်ရွက်တဲ့အတွက် KIA သူပုန်အဖွဲ့ဲရဲ့အဓိကစခန်းတစ်ခုတည်ရှိရာ နယ်စပ် မြို့ဖြစ်တဲ့ လိုင်ဇာမြို့ကို မြန်မာ နစက အစိုးရက မကြာသေးခင်ကပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါ တယ်။
တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး နစက အစိုးရကိုထောက်ခံခဲ့တဲ့အစိုးရ ဖြစ်ပြီး မြန်မာ့တပ်မတော်ခေါင်းဆောင်တွေကို စီးပွားရေးအရေးယူပိတ်ဆို့ခဲ့တဲ့ အနောက်နိုင်ငံတွေကို မြန်မာနိုင် ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ တိုက်တွန်းခဲ့ပါတယ်။
Ref: China urges Myanmar to cooperate on border stability amid fighting
#PeopleMedia