တိုင်းမှူး၏ လမ်းကြောင်းရှင်းလင်းရေးအဖွဲ့များနှင့် KNU ကြား တိုက်ပွဲဖြစ်

PUBLISHED - October 1, 2021
နေပြည်တော်၊ အောက်တိုဘာ ၁ (People Media)
ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၊ အာရှလမ်းမကြီးအတိုင်း မြဝတီမြို့သို့ လာရောက်မည့် အရှေ့တောင် တိုင်း စစ်တိုင်းမှူး၏ လမ်းကြောင်း လုံခြုံရေး ရှေ့ပြေးအဖွဲ့များနှင့် KNU တို့သည် ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပေါ်ခဲ့သည်။
တပ်မတော်၏ ရှေ့ပြေးလုံခြုံရေးအဖွဲ့နှင့် KNU တို့သည် မြဝတီ-ကော့ကရိတ်-ကျိုက်ဒုံလမ်းဆုံတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
“အရှေ့တောင်တိုင်း စစ်တိုင်းမှူးရဲ့ လမ်းကြောင်းကို လမ်းရှင်းလင်းတယ်၊ ရှင်းရင်းနဲ့ KNU လုံခြုံရေး ၁၈ ထဲကိုရောက်လာတယ်။ ဗိုလ်ရန်နိုင် ဦးဆောင်တဲ့အဖွဲ့ကလို့တော့ သိရတယ်။ တစ်မိုင်ဂုံးရွာသစ်ကို လုံခြုံရေး ယူထားတဲ့အဖွဲ့နဲ့ဖြစ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲ၌ အပြန်အလှန်ပစ်ခတ်မှု မိနစ်သုံးဆယ်ခန့် ဖြစ်ပေါ်ပြီးနောက် KNU အဖွဲ့များ ပြန်လည်ဆုက်ခွာ သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။
Photo – တေဇာအောင်
#PeopleMedia #ကော့ကရိတ်# KNU
(unicode)
……………………………………………………………………