တိုင်းရင်းသားလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလန်းရရှိဖို့ မန်းတိုင်း ရှမ်းတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ကူညီမည်

PUBLISHED - August 6, 2019
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသားများအပါအဝင် တိုင်း ရင်းသားလူမျိုးအားလုံး အလုပ်အကိုင်အခွင့်အလန်းများနဲ့ သက်မွေးပညာသင်တန်းများ အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က သြဂုတ်လ ၆ ရက်၊ မနက် ၁၀ နာရီက မန္တလေးမြို့ ၃၅လမ်း၊ ၆၆လမ်းနှင့် ၆၈လမ်းကြားရှိ ရှမ်းသာရေး နာရေးအသင်းမှာပြုလုပ်တဲ့ ရှမ်းတိုင်းရင်းသားများနဲ့တွ့ဆုံပွဲမှာ ပြောကြားပါတယ်။
လက်ရှိမှာ တိုင်းရင်းသားလူငယ်တွေ အလုပ်အကိုင်အခွင့်အလန်းများရရှိစေဖို့တွက် တိုင်းရင်းသားလူမျိုးပါင်းစုံ ၁၄၀ဦး ကို ဆုထူးပန်ကုမ္ပဏီက အခုနှစ်မှစတင်ပြီး ကျောက်မျက်နဲ့ပတ်သက်တဲ့ သက်မွေးပညာရပ်ကို ဖွင့်လှစ်သင်ကြားပေးလျှက် ရှိတယ်လို့ ဦးစိုင်းပန်းဆိုင်ကဆိုပါတယ်။
“တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလန်းရရှိစေရန်အတွက် ဆုထူးပန် ကုမ္ပဏီမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၄၀ လက်ရှိသင်ကြားနေပါတယ်။ အဲဒီကျောင်း မှာပဲ ကျောင်းအိပ်ကျောင်းစား တစ်နှစ်တိတိအကုန်အကျခံပြီးမှ လက်ခံပြီး သင်ကြား ပေးနေပါတယ်”လို့ ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။
ရိုက်ကူး – အောင်အောင်
https://www.facebook.com/1120229281493723/videos/2442822859292712/