တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ မီးရှူးမီးပန်း ဗျောက်များ ပစ်ဖောက် သိုလှောင် ရောင်းချပါက အရေးယူမည်

PUBLISHED - October 8, 2019
ရန်ကုန်၊ အောက်တိုဘာ ၈
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ မီးရှူးမီးပန်းများ၊ ဗျောက်အိုး၊ မီးဒုံး (ရှူးဒိုင်း)များ ပစ်ဖေါက်ခြင်း၊ သိုလှောင်ခြင်း ရောင်းချခြင်းများစစ် ဆေးတွေ့ရှိပါက သက်ဆိုင်ရာကာယကံရှင်အားတည်ဆဲ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ကြေငြာ လိုက်သည်။
ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူလုံခြုံရေးကို ထိခိုက်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေး ချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကို ထိခိုက်အောင် ဆောင်ရွက်လာနိုင်ခြင်း၊ မလိုလားအပ်သောမီးဘေးအန္တရာယ်များဖြစ် ပေါ်လာနိုင်ခြင်းစသည်တို့ကြောင်း အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကြေငြာချက်တွင်ဖေါ်ပြထားသည်။
မြန်မာနိုင်ငံတွင် သီတင်းကျွတ်အခါသမယကာလအတွင်း မီးရှူးမီးပန်း များ၊ ဗျောက်အိုးများပစ်ဖောက်ရောင်းချခြင်းကို နှစ်စဉ်တွေ့ရှိရပြီး ယခင် နှစ်များ၌လည်း ယခုကဲ့သို့ မပြုလုပ်ရန်တားမြစ်သည့်ထုတ်ပြန်ကြေငြာ ချက်များ ထုတ်ပြန်ခဲ့ကာ တရုတ်နှစ်သစ်ကူးကဲ့သို့ သောနေ့ရက်များ တွင်မူ မီးရှူးမီးပန်း ဗျောက်အိုးများပစ်ဖောက်ခြင်းပြုလုပ်ကြသော်လည်း တားဆီးခြင်းမတွေ့ရပေ။
#PeopleMedia