တိုင်းဒေသကြီး/ပြည်နယ်များရှိ က.ည.နရုံးများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့ မြင်သာ က.ည.နရုံး၌ လူစုလူဝေးဖြစ်ပေါ်

PUBLISHED - September 14, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၄ (People Media)
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကညနရုံးများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင် မြင်သာ ကညနရုံး၌ လူစုဝေးဖြစ်ပေါ်လျက်ရှိသည်။
စက်တင်ဘာ ၁၃ ရက်နေ့မှစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိ ကညနရုံးများကို ပြန်လည်ဖွင့်လှစ်ပြီး နောက် ရုံးဧရိယာနှင့်ဆက်စပ်သည့်နေရာများ၌ အတွင်းစည်း/အပြင်စည်းလုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်ထား ကြောင်း သိရှိရသည်။
အဆိုပါ ကညနရုံးများကို COVID-19 ရောဂါကြောင့် ရပ်နားထားရပြီး ဝန်ဆောင်မှုများကို ကနဦးအနေဖြင့် ယာဉ်မှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် နှစ်လဲသက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်၌ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာသင်ကျောင်းများ၊ လျှပ်စစ်ရုံးများအပါအဝင် အစိုးရရုံးနေရာ များ၌ ဗုံးပေါက်ကွဲခြင်းများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် လုံခြုံရေးများတိုးမြှင့်ချထားခြင်းဖြစ်သည်။
Photo- CJ
#PeopleMedia #မြင်သာကညန
(unicode)
…………………………………………………………………
Photo- CJ