• Follow Us on
Latest News

Home တိုင်းပြည်ကခွဲထွက်ဖို့ ကြိုးစားမှုမှန်သမျှ အင်အားသုံး ချေမှုန်းသွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရသတိပေး

တိုင်းပြည်ကခွဲထွက်ဖို့ ကြိုးစားမှုမှန်သမျှ အင်အားသုံး ချေမှုန်းသွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရသတိပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅

 

ဖိလစ်ပိုင်တောင်ပိုင်းက မင်ဒါနာအိုပြည်နယ်ကို နိုင်ငံကနေခွဲထွက်သွားမယ်လို့ သမ္မတဟောင်းဒူတာတေးက ခြိမ်းခြောက်ပြောဆိုလိုက်ပြီးနောက်မှာ တိုင်းပြည်ကခွဲထွက်ဖို့ ကြိုးစားမှုမှန်သမျှကို အင်အားသုံးချေမှုန်းသွား မှာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၄ ရက်နေ့) က သတိပေးပြောကြားလိုက်ပါတယ်။

 

“ဖိလစ်ပိုင်အစိုးရဟာ နိုင်ငံရဲ့အချုပ်အခြာနဲ့ နယ်နိမိတ်တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ဖို့ ခိုင်မြဲစွာသံန္နိဋ္ဌာန်ချထားပြီးဖြစ်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံရဲ့ အစိတ်အပိုင်းကနေ ခွဲထွက်ဖို့ ကြိုးစားမှုမှန်သမျှကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ချေမှုန်းသွားမှာဖြစ်ပါတယ်။” လို့ အမျိုးစားလုံခြုံရေးအကြံပေးအရာရှိဖြစ်သူ အက်ဒွာဒိုအန်နိုက ပြောပါတယ်။

 

အစိုးရအနေနဲ့ နိုင်ငံကနေခွဲထွက်မယ့် ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို တားဆီးဖို့အတွက် အင်အားအသုံးပြုချေ မှုန်းသွာဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ သမ္မတဒူတာတေးလက်ထက်က ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေး အကြီးအကဲတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အက်ဒွာဒိုအန်နိုက ပြောပါတယ်။

 

မင်ဒါနာအိုပြည်နယ်ခွဲထွက်မယ်ဆိုတဲ့စကားဟာ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ ဆန့်ကျင်နေသလို ပြည်နယ်ရဲ့ ငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ခြိမ်းခြောက်နေတယ်လို့ ၎င်းက ပြောပါတယ်။

 

နှစ်ပေါင်းများစွာ မူဆလင်ခွဲထွက်ရေးဝါဒီတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒူတာတေးရဲ့ဇာတိမြေ မင်ဒါနာအိုကျွန်း ပြည်နယ်ကို ဖိလစ်ပိုင်နိုင်ငံကနေ ခွဲထွက်မယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ဒူတာတေးက ပြောဆိုခဲ့ပါတယ်။ သမ္မတဟောင်းဒူတာတေးနဲ့ လက်ရှိသမ္မတဖာဒီနန်မားကို့စ်တို့ကြားမှာ နိုင်ငံရေးသဘောထားကွဲလွဲမှု ပိုမိုကြီး မားလာပြီး ပါတီနှစ်ရပ်ကြား မဟာမိတ်ဆက်ဆံရေးမှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

 

အဲဒီလို သဘောထားကွဲလွဲမှုတွေရှိနေပေမဲ့ ဒူတာတေးရဲ့သမီး လက်ရှိဒုတိယသမ္မတဖြစ်သူ ဆာရာဒူတာတေး ကာပီယိုကတော့ ဒူတာတေးရဲ့ပြောဆိုချက်ကို မထောက်ခံဘဲ လက်ရှောင်နေပါတယ်။

 

အိုင်အက်စ်အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်နေသူတွေ လှုပ်ရှားနေတဲ့ မင်ဒါနာအိုပြည်နယ်ဟာ မူဆလင်သူ ပုန်တွေနဲ့ အစိုးရစစ်တပ်တို့ကြားက တိုက်ပွဲဒဏ်ကို နှစ်ပေါင်းများစွာ ခါးစည်းခံနေရတဲ့ ဖိလစ်ပိုင်နိုင်ငံ ကျွန်းစု တွေထဲက အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ်တုန်းက ဖိလစ်ပိုင်အစိုးရနဲ့ မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦးအဖွဲ့တို့ဟာ ငြိမ်းချမ်းရေး သ ဘောတူစာချုပ်ချုပ်ဆိုခဲ့ရာ မူဆလင်သူပုန်အဖွဲ့က နိုင်ငံကနေ မခွဲထွက်ပါဘူးလို့ ကတိပေးခဲ့ပါတယ်။

 

Ref: Philippines warns of crushing separatism after Duterte calls for an independent Mindanao

 

#PeopleMedia


Share this post