• Follow Us on

Home တိုင်းပြည်ကိုရောင်းစားနေတယ်ဆိုတဲ့စွပ်စွဲချက် ဝန်ကြီးချုပ်ဆရက်ထာငြင်းဆို

တိုင်းပြည်ကိုရောင်းစားနေတယ်ဆိုတဲ့စွပ်စွဲချက် ဝန်ကြီးချုပ်ဆရက်ထာငြင်းဆို

Share this post

နိုင်ငံတကာ၊ ဇွန် ၂၆

 

ကွန်ဒိုတိုက်ခန်းတွေ နိုင်ငံခြားသားတွေ ပိုမိုပိုင်ဆိုင်လာအောင် အရောင်းမြှင့်တင်ဖို့နဲ့ မြေနေရာတွေကို နှစ်ရှည် ငှားရမ်းရေး ကမ်းလှမ်းဖို့ အစိုးရရဲ့အဆိုပြချက်ဟာ တိုင်းပြည်ကို ရောင်းစားနေတာနဲ့ အတူတူပဲဖြစ်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုချက်တွေကို ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က အင်္ဂါနေ့ (ဇွန်လ ၂၅ ရက်နေ့) က ပယ်ချ လိုက်ပါတယ်။

 

“ဒါက ကာလရှည်မြေရာငှားရမ်းတာဖြစ်တယ်။ တိုင်းပြည်ကို ရောင်းစားတာနဲ့ ဘာမှမဆိုင်ပါဘူး။” လို့ ဝန်ကြီး ချုပ်က ပြောပါတယ်။

 

နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်မှုကို ၄၉% ကနေ ၇၅% အထိ မြှင်တင်ပြီး နိုင်ငံခြားသားတွေအ တွက် မြေရာငှားရမ်းမှုကာလကို အနှစ် ၃၀ ကနေ အနှစ် ၅၀ အထိသတ်မှတ်ထားရာက ၉၉ နှစ်အထိ တိုးမြှင့် ပေးဖို့ အဆိုပြုလွှာကို ဆန်းစစ်လေ့လာဖို့ အစိုးရအဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်က ညွှန်ကြားခဲ့ပါတယ်။

 

ဒီကိစ္စကို အင်္ဂါနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးဖို့ ရေးဆွဲထားခြင်းမရှိပါဘူး။

 

မြေရာဦးစီးဌာနက အဲဒီမူဝါဒရဲ့ အကျိုး/အပြစ်တွေကို စဉ်းစားချင့်ချိန်နေကြောင်း ပြည်ထဲရေးဝန်ကြီး အနူတင် ချန်းဗီရာကူလ်က ပြောပါတယ်။

 

အစိုးရအနေနဲ့ စီးပွားရေးတိုးတက်လာအောင် အားပေးလှုံ့ဆော်ဖို့ လိုအပ်ပြီး အဆိုပြုထားတဲ့ ပြုပြင်ပြောင်းလဲမှု တွေဟာ အရင်းရှင်တွေကို မျက်နှာသာပေးသွားမှာမဟုတ်ကြောင်း မစ္စတာအနူတင်က ပြောပါတယ်။

 

စီးပွားရေးမြှင့်တင်နေစဉ်အတွင်းမှာပဲ ထိုင်းပြည်သူတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးသွားမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီအဆိုပြုချက်တွေဟာ အကျိုးစီးပွားပဋိပက္ခ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနိုင်ကြောင်း အထက်လွှတ် တော်အမတ် ဆမ်ချိုင်းဆွန်းကန်က Facebook ပေါ်မှာ ရေးသားခဲ့ပါတယ်။

 

ဒီအစီအစဉ်ဟာ နိုင်ငံရေးလောကထဲမရောက်ခင် ဆန်းသီရိအိမ်ခြံမြေ ကုမ္ပဏီပိုင်ရှင်ကြီးဖြစ်တဲ့ ဝန်ကြီးချုပ် ဆရက်ထာအပါအဝင် အစိုးရဝန်ကြီးအဖွဲ့ဝင်တွေနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေအတွက် သင့်တင့်မျှတတဲ့ အကျိုးရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျူလာပန်းအမွန်းဗီဗတ်ကလည်း အဆိုပြုချက်ကို ကာကွယ်ပြောဆိုပါ တယ်။

 

“အစိုးရက နိုင်ငံခြားသားတွေအတွက် ကွန်ဒိုတိုက်ခန်းတွေ အရောင်းမြှင့်တင်ပေးပြီး နိုင်ငံခြားသားတွေအတွက် မြေငှားရမ်းမှုသက်တမ်းကို တိုးမြှင့်ပေးလိုက်တယ်ဆိုရင်လည်း ထိုင်းနိုင်ငံရဲ့ နယ်နိမိတ်ပိုင်နက်က မပျက်မစီး ကျန်ရှိနေဆဲဖြစ်ပါတယ်။” လို့ ၎င်းက အင်္ဂါနေ့က ပြောပါတယ်။

 

အိမ်ခြံမြေဈေးနှုန်းနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေရဲ့ ထိခိုက်မှုကို လူတချို့က စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပေမဲ့ ပြဿနာက အိမ်ခြံမြေဈေးနှုန်းမဟုတ်ဘဲ ပြည်သူတွေ ချေးငွေမရတာဖြစ်ကြောင်း မစ္စတာဂျူလာပန်က ပြောပါ တယ်။

 

လက်ရှိအစိုးရဟာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာဖို့ အားပေးမြှင့်တင်သလို အလုပ်အကိုင်အခွင့်အလမ်းတွေ တိုး ပွားလာဖို့အားပေးမြှင့်တင်ပြီး ထိုင်းနိုင်ငံကို နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားတွေစိတ်ဝင်စားတဲ့ အဓိကနေရာ တစ်ခုဖြစ်လာအောင် တည်ဆောက်သွားဖို့အတွက် မူဝါဒလေးငါးခုကို ချမှတ်ခဲ့ပါတယ်။

 

အစိုးရဟာ နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်တွေကိုလည်း ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်ချင်လာအောင် စည်း ရုံးဆွဲဆောင်ချင်နေကြောင်း မစ္စတာဂျူလာပန်က ပြောပါတယ်။

 

Ref: Srettha denies ‘selling off’ the country

 

#PeopleMedia


Share this post