• Follow Us on

Home တိုင်းပြည်ရဲ့ရန်သူတွေကို တိုက်ခိုက်နေပြီး အောင်ပွဲဆီကို ဆက်လက်ချီတက်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုပြော

တိုင်းပြည်ရဲ့ရန်သူတွေကို တိုက်ခိုက်နေပြီး အောင်ပွဲဆီကို ဆက်လက်ချီတက်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၉

 

အစ္စရေးနိုင်ငံဟာ အီရန်နဲ့ အပေါင်းအပါတစ်သိုက်ဆီက မျှော်လင့်ထားတဲ့တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင် ဆင်ထားစဉ်အတွင်း ဗုဒ္ဓဟူးနေ့မှာ တိုင်းပြည်ရဲ့ရန်သူတွေကို တိုက်ခိုက်နေပြီး အောင်ပွဲဆီကို ဆက်လက်ချီ တက်နေကြောင်း ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုက ပြောကြားလိုက်ပါတယ်။

 

ဟစ်ဘိုလာထိပ်တန်းခေါင်းဆောင်တစ်ဦးနဲ့ ဟားမတ်စ်နိုင်ငံရေးအကြီးအကဲ အစ္စမေးဟန်နီယက်တို့ကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့အတွက် လက်တုံ့ပြန်ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာပြီးနောက် အစ္စရေးနိုင်ငံက ကိုယ့်ကိုယ် ကိုယ်ကာကွယ်ဖို့ သံန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။

 

“ကျွန်တော်တို့ အောင်ပွဲဆီကို ဆက်လက်ချီတက်နေပါတယ်။” လု့ိ တဲလ်ဗစ်ဗ်မှာရှိတဲ့ တဲလ်ဟက်စ်ဟိုမာ စစ် သင်တန်းကျောင်းက တပ်သားသစ်မိတ်ဆက်ပွဲမှာ ဝန်ကြီးချုပ်က ပြောပါတယ်။

 

“အစ္စရေးနိုင်ငံသားတွေ စိုးရိမ်ပူပန်နေတာ ကျွန်တော်သိပါတယ်။ ကျွန်တော် တစ်ခုပဲပြောချင်ပါတယ်။ စိတ်ရှည် ပါ။ စိတ်ရှည်လက်ရှည်နဲ့ ပြာယာမခတ်ဘဲ ဆုံးဖြတ်ချက်ကောင်းကောင်းချပါလို့ ပြောချင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့ ခံစစ်အတွက်ရော ထိုးစစ်အတွက်ပါ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ရန်သူတွေကို တိုက်ခိုက် ချေမှုန်းသွားမှာပါ။ ကိုယ့်နိုင်ငံကိုယ်ကာကွယ်ဖို့ ကျွန်တော်တို့ သံန္နိဋ္ဌာန်ချထားပြီးသားဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က ဟစ်ဘိုလာစစ်ရေးခေါင်းဆောင် ဖုရှာကာကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ၎င်းတို့လက်ချက် ဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့ပေမဲ့ တီဟီရန်မှာ အစ္စမေးလ်ဟန်နီယက်သေဆုံးမှုနဲ့ပတ်သက်ပြီး အစ္စရေး က တုံ့ပြန်ပြောကြားခြင်းမရှိပါဘူး။

 

ဒါပေမဲ့ အီရန်နိုင်ငံ၊ ဟားမတ်စ်အဖွဲ့နဲ့ ဟစ်ဘိုလာအဖွဲ့တို့ကပါ ဟန်နီယက်လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အစ္စရေးကို အပြစ်တင်ခဲ့ပြီး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

 

“ဒီနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းရှိတဲ့နိုင်ငံပါ။ သေချာတာကတော့ ကျွန်တော်တို့ရန်သူတွေ မြင် ရတဲ့နည်းလမ်းနဲ့ရော သူတို့မမြင်ရတဲ့နည်းလမ်းနဲ့ရော ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တဲ့နိုင်ငံဖြစ်ပါတယ်။” လို့ တခြားသတင်းစာရှင်းလင်းပွဲတစ်ခုမှာ အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒေးဗစ်မန်ဆာက သတင်းထောက်တွေ ကို ပြောပါတယ်။

 

“အီရန်ခြိမ်းခြောက်မှုကို ကျွန်တော်တို့ မဟာမိတ်နိုင်ငံတွေနဲ့အတူ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာကို ကျွန် တော်တို့ သိပါတယ်။ ကျွန်တော်တို့ သူတို့ကို ကောင်းကောင်း ခုခံကာကွယ်နိုင်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

Ref: Netanyahu Says Israel ‘Striking Enemies’ as Attack Expected

 

#PeopleMedia


Share this post