တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိပြီး တပ်မတော်၏အားကို တပ်မတော်အတွင်းတည်ဆောက်ရမည် ဖြစ်ကြောင်း တပ်ချုပ်ပြောဆို

PUBLISHED - December 9, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၉
တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိပြီး တပ်မတော်၏အားကို တပ်မတော်အတွင်း တည်ဆောက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်း အနားတွင် ပြောဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိပြီး တပ်မတော်၏အားကို တပ်မ တော်အတွင်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် တိုင်းပြည်၏ နေရာဒေသ အသီးသီးက တိုင်းရင်းသားပြည်သူများ စုစည်းနေထိုင်တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မိသားစုစိတ်ဓာတ်မွေးမြူ ပြီး စည်းလုံးညီညွတ်မှုရှိကြရမည်ဖြစ်ပြီး စုပေါင်းအားသည် ထုကိုရရှိစေပြီးခိုင်မာမှုကို ပိုမိုရရှိစေကြောင်း၊ တပ်မ တော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများအားလုံး စုပေါင်းအားနှင့်ရှိနေပါက မည်သည့်အရာကိုမဆို ရင် ဆိုင်အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တပ်တွင်းစည်းရုံးရေးသာမက ပြည်သူအားလုံး၏ စုပေါင်းအားကိုရရှိ စေရန်အတွက် တပ်ပြင်စည်းရုံးရေးကိုလည်း အလေးထားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောဆိုသည်။
တပ်တွင်းစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ရာတွင်လည်း တပ်မတော်သားတိုင်းလိုက်နာရမည့် စစ်သည် တော်ကျင့်ဝတ်များကို တိတိကျကျလိုက်နာကျင့်ကြံသွားကြမှသာ တပ်တွင်းစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာအား ကောင်းလာမည်ကို သိရှိနားလည်ရန်လိုကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဖြစ် သောကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေး ခိုင်မာသေချာစေရန် တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လျစ်သေချာစွာ တည်ဆောက်သွားရန် အလေးအနက်ထား မှာကြားလို ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၁ ရာစုခေတ်သစ်စစ်ပွဲများသည် အကန့်အသတ် အတားအဆီးမဲ့ပုံစံဖြင့် အရပ်မျက်နှာအမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ ပုံသဏ္ဌာန်မျိုးစုံဖြင့် ပုံဖော်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ တိုးတက် လာသည့် ခေတ်မီစစ်လက်နက်ပစ္စည်းများကြောင့် ပြောင်းလဲသွားမည့် စစ်ပွဲ၏ပုံစံနှင့် စစ်ဗျူဟာများကို ကြို တင်မျှော်တွေးကြရမည်ဖြစ်ကြောင်း၊ ခေတ်မီဆန်းသစ်လာသည့် ကွပ်ကဲမှုနှင့် ကြီးကြပ်မှုစနစ်ကို နားလည် တတ်ကျွမ်းအောင် ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး နည်းပညာများနှင့်လိုက်လျော ညီထွေပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကိုလည်း လေ့လာနေရမည်ပင်ဖြစ်ကြောင်း၊ ခေတ်ကာလအခြေအနေအရ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည့်သူများအနေဖြင့် စစ်ရေးဆိုင်ရာကိစ္စရပ်များအပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတကာရေးရာကိစ္စရပ်များကိုပါ စဉ်ဆက်မပြတ် လေ့လာနေရန်လိုအပ်ကြောင်း ပြောဆိုသည်။
ကိုယ်ကျင့်တရားနှင့် စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုအပြည့်ဖြင့် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် ခေါင်း ဆောင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရန်၊ ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် နေထိုင်စား သောက်မှုကို ဂရုပြုပြီး လေ့ကျင့်သားပြည့်ဝသည့် စစ်သည်တော်ကောင်းများဖြစ်အောင် ကြိုးစားကြရန်၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လျက်ရှိသည့် စစ်ဘက်ဆိုင်ရာ နည်းပညာများ အပါအဝင် အခြားပညာ ရပ်များမှာလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူမှု၊ လေ့ကျင့်မှုနှင့် လိုက်နာမှုများကို ဆက်လက်လုပ် ဆောင်သွားကြရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး အတွက် ကျရာတာဝန် များကို နိုင်ငံသားကောင်း၊ တပ်မတော်သားကောင်းတစ်ဦးပီသစွာ ပါဝင် ဆောင်ရွက် သွားကြရန်၊ အမိနိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိပြီး အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့ တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကြမည့် နောင်တစ်ခေတ်၏ အောင်စစ်သည်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့သည်။
#PeopleMedia