• Follow Us on
Latest News

Home တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအနေနှင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ရွေးကောက်ပွဲလမ်းကြောင်းတို့မှတဆင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းနိုင်ရေးရန်ကမ်းလှမ်း ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအနေနှင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ရွေးကောက်ပွဲလမ်းကြောင်းတို့မှတဆင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းနိုင်ရေးရန်ကမ်းလှမ်း ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၈

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအနေနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲလမ်းကြောင်းတို့မှတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြရန် ကမ်းလှမ်းဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

 

“နိုင်ငံသူ၊ နိုင်ငံသားတိုင်း နေရာဒေသမရွေး ဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့လိုပါတယ်။ ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရပါမယ်။ ဒီအတွက် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီး လှပါတယ်။ ဒါကို ဖော်ဆောင်နိုင်ဖို့ ဒီကြေညာချက် ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးနှောင်း ကာလ ရေကြီးရေလျှံမှုဒဏ်တွေ၊ သဘာဝဘေး ဒဏ် ခံခဲ့ရပါတယ်။ နှစ် ၅၀/ ၁၀၀ အတွင်းမှာ အဆိုးရွားဆုံး ဖြစ်စဉ်ပါပဲ။ ဒီအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ တော်တော်ပြင်းပြင်းထန်ထန်ကို ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့၊ တည်ငြိမ် အေးချမ်းဖို့လိုပါတယ်။ ပြည်သူတွေ အပေါ်မှာ တစ်ပူပေါ် နှစ်ပူအဆင့်မခံစေချင်ပါဘူး။ ဒါ့ကြောင့် ပြည်သူလူထု အပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

 

ဒုတိယအချက်အနေဖြင့် မိမိတို့နိုင်ငံလို နိုင်ငံငယ်များ အနေနှင့် ပြည်တွင်းစည်းလုံးညီညွတ်မှုခိုင်မာရန် လိုအပ်ကြောင်း၊ ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေပါက နိုင်ငံတကာပြိုင်ဆိုင်မှုများအကြားတွင် နိုင်ငံပါပျောက် သွားနိုင်သည့်အထိ အန္တရာယ်ကြီးမားလာကြောင်း၊ ထို့ကြောင့် ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး ယင်းကြေညာချက်ထွက်ပေါ်လာရခြင်းပဲဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် တည်ငြိမ်အေးချမ်း ရေးကို လိုလားသည့် တချို့သော တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့များအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ ဆန္ဒသဘောထားများကြောင့်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

 

လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်လက်နက်ကိုင် ပဋိပက္ခများကြောင့် မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်များ၊ ပြည်သူပိုင် အခြေခံအဆောက်အဦများ၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေနှင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက် သည့် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသည့် ပါတီနိုင်ငံရေး လမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတို့မှတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်း နိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြရန် ကမ်းလှမ်းဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

 

#PeopleMedia


Share this post