တိုင်း၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် ရပ်ကွက်၊ကျေးရွာအုပ်စုအဆင့်စာရင်း ကောက်ယူရေးအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား
PUBLISHED - March 14, 2024
ရန်ကုန်၊ မတ် ၁၄
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် စာရင်းကောက်ယူရေးအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ တက် ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ ပြီး ယင်းဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့ စစ်မှုထမ်း ဥပဒေပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ၁၄.၂.၂၀၂၄ ရက်စွဲပါ အမိန့် ကြော် ငြာစာအမှတ် (၂/၂ဝ၂၄) ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်စာရင်း ကောက်ယူရေး အဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ် သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ကိုလည်းကောင်း၊ အမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသား တိုင်းကိုလည်းကောင်း၊ ကျွမ်း ကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း သတ်မှတ်ထား ခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ကာလမှာ ၂၄ လဖြစ်ပြီး တပ် မတော်စက်မှုလက်မှုပညာသည် များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ ထက်မပိုသည့်ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက နိုင်ငံတော် တွင်အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရ အဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်းကိုလည်း ဥပဒေတွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိတိ ကျကျနှင့် မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေးနှင့် သဘောပေါက်နားလည်စေရေးတို့အတွက် ရှင်းလင်း ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ကားဂိတ်များ၊ ဈေးများတွင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင် ရွက်သွားရမှာဖြစ်ကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia