တိုင်း/ပြည်နယ် (၆) ခုတွင် အမေရိကန်ဒေါ်လာ ၃၄၉.၄၄၃ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

PUBLISHED - June 27, 2024
နေပြည်တော်၊ ဇွန် ၂၇
တိုင်းဒေသကြီး/ပြည်နယ် (၆) ခုမှ မြို့နယ် (၂၄) မြို့နယ်တို့တွင် ယမန်နေ့က မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ ၃၄၉.၄၄၃ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည် နယ်များတွင်ကျင်းပခဲ့ပြီး တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုမှ မြို့နယ် (၂၄) မြို့နယ်တို့၌ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများ ဖျက်ဆီးခြင်း အစီအစဉ်များကို ကျင်းပခဲ့သည်။
(၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းနှင့် ထီဖောင်းကျေးရွာအုပ်စုတို့တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းတို့ကိုပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်၊ ကယားပြည် နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၆၀၀ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၃၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၁ သန်းကျော်၊ အိုက်စ် ၄၇၇၁ ကီလိုကျော်၊ ကက်တမင်း ၇၆၄ ကီလိုကျော်၊ ဆေးခြောက် ၂၅၆ ကီလိုကျော်အပါ အဝင် မူးယစ်ဆေးဝါး ၁၇ မျိုးနှင့် ဓာတုပစ္စည်း ၂၅ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၅၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၃၇.၀၁၃ သန်း) အား ဖျက်ဆီးခဲ့သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း ၌ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော ဘိန်း ဝ.၂၆၂ ကီလိုကျော်၊ ဘိန်းဖြူ ၅၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သန်းကျော်၊ အိုက်စ် ၉၅၇၄ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ကက်တမင်း ၂၃၈၂ ကီလိုကျော်၊ ဆေးခြောက် ၅၄၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၈၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၈၆.၈၉ သန်း) အား ဖျက်ဆီးခဲ့သည်။
အလားတူ မန္တလေးမြို့တွင်လည်း ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ လေယာဉ်ကွင်း အဟောင်း၌ မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၇၆၆ ကီလို ကျော်၊ ဘိန်းဖြူ ၁၀၈၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၅ သန်းကျော်၊ အိုက်စ် ၉၀၀၀ ကီလိုကျော်၊ ကက်တမင်း ၁၀၁၈ ကီလိုကျော်၊ ဆေးခြောက် ၄၅၈ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၁ မျိုးနှင့် ဓာတု ပစ္စည်း ၂၀ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၁၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၂၅.၅၄ သန်း) အား ဖျက်ဆီးခဲ့သည်။
ယခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများဖျက်ဆီးခြင်း အစီအစဉ်များကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် တိုင်းဒေသကြီး/ပြည်နယ် (၆) ခုမှ မြို့နယ် (၂၄) မြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉ သန်း ကျော်၊ အိုက်စ် ၂၃၃၉၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ဆေးခြောက် ၁၂၅၇ ကီလိုကျော်၊ ကက် တမင်း ၄၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန် ၁၂ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်း ၇၇ မျိုး၊ စု စုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉.၄၄၃ သန်း) တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
#PeopleMedia