တူနီးရှားတပ်မတော်က အမျိုးသမီးများ စစ်မှုထမ်းခွင့်ပြုတော့မည်
PUBLISHED - January 6, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တူနီရှားနိုင်ငံက အမျိုးသမီးများ တပ်မတော်၌ တာဝန်ထမ်းဆောင်ခွင့်ပြုမည့် ဥပဒေကြမ်းတစ်ရပ်ကို အဆိုပြု တော့မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာသည်။
အောက်လွှတ်တော်သို့ တင်သွင်းတော့မည့် အဆိုပါဥပဒေကြမ်းတွင် လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုရှိရေး အတွက် အမျိုးသား၊ အမျိုးသမီးများ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ပါရှိသည်။
တူနီးရှားနိုင်ငံက စီးပွားရေးအကျပ်အတည်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ရင်ဆိုင်နေရစဉ် ယခုကဲ့သို့ အမျိုးသမီးများ စစ်မှုထမ်းခွင့်ပြုမည့် ဥပဒေကြမ်း တင်သွင်းရန်စီစဉ်ခြင်းဖြစ်သည်။
တူနီးရှားနိုင်ငံ၌ အသက် ၂၀ ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရသည်။
သို့သော်လည်း အသက်ပြည့်မီသူများ စစ်မှုထမ်းရာတွင် မိဘများ၏ခွင့်ပြုချက် ရရှိရန်လိုအပ်သည်။
တူနီးရှားနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေက အနည်းငယ်ပိုများပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်က အမျိုးသမီးများဖြစ်သည်။
Global Firepower ၏ အဆိုအရ တူနီးရှားတပ်မတော်က အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတိုက်တွင် စစ်လက်နက်အင်အားတောင့်တင်းမှုအရ အဆင့် ၁၁ ရှိကြောင်း သိရသည်။
အိမ်နီးချင်းတိုင်းပြည်များဖြစ်သည့် အယ်လ်ဂျီးရီးယားနှင့် မော်ရိုကိုနိုင်ငံတို့က စစ်လက်နက်အင်အားအရ စတုတ္ထနှင့် သတ္တမနေရာ၌ ရှိနေသည်။
ကိုးကား – Middleeastmonitor
Ref; Tunisia to enlist women into the army
#PeopleMedia
(unicode)
………………………………
Ref; Tunisia to enlist women into the army
#PeopleMedia