တူရကီက အယ်ဘေးနီးယားကို အသေခံဒရုန်းတွေ အများအပြား ထောက်ပံ့မည်

PUBLISHED - October 22, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၂
နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်တဲ့အနေနဲ့ တူရကီနိုင်ငံဟာ အယ်ဘေးနီးယားနိုင်ငံအတွက် အသေခံဒရုန်းအစင်း ရေအများအပြား ထောက်ပံ့သွားမှာဖြစ်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။
ကာကွယ်ရေးကဏ္ဍနဲ့ လူသားချင်းစာနာမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့အတွက် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်နဲ့ အယ်ဘေးနီးယားဝန်ကြီးချုပ် အီဒီရာမာတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုကြေညာ ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
တူရကီနိုင်ငံက အခုလို အသေခံဒရုန်းတွေ ထောက်ပံ့လိုက်တာဟာ အယ်ဘေးနီးယားနိုင်ငံကို တိုက်ခိုက်လို့မရ ဘူးလို့ ပြတ်သားခိုင်မာတဲ့ သတင်းပေးပို့လိုက်တာပဲဖြစ်ကြောင်း ဝန်ကြီးချုပ် အီဒီရာမာက ပြောပါတယ်။
ဒါပေမဲ့ အခုလို စစ်လက်နက်ပစ္စည်းဖြည့်တင်းတာဟာ ဘယ်နိုင်ငံကိုမှ တိုက်ခိုက်ဖို့ ရည်ရွယ်ခြင်းမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
ထောက်ပံ့ပေးမယ့် ဒရုန်းအရေအတွက်၊ ရောက်ရှိလာမယ့်အချိန် အသေးစိတ်သတင်းတွေကိုတော့ ထုတ်ပြန် ကြေညာခြင်းမရှိပါဘူး။
တူရကီနိုင်ငံဟာ Bayraktar TB2 ဒရုန်းတွေအပါအဝင် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုမှာ နာမည်ကျော်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
တစ်ဆက်တည်း ၂၇ နာရီ ပျံသန်းနိုင်တဲ့ Bayraktar TB2 ဒရုန်းဟာ တိုက်ခိုက်ရေးတာဝန်ရော စောင့်ကြည့် ထောက်လှမ်းစစ်ဆင်ရေးတာဝန်တွေကိုပါ ထမ်းဆောင်နိုင်တဲ့ ဒရုန်းဖြစ်ပါတယ်။
အခုထောက်ပံ့ပေးမယ့် အသေခံဒရုန်းတွေဟာ အလားတူ Bayraktar TB2 ဒရုန်းအမျိုးအစားဟုတ်မဟုတ် ရှင်း ရှင်းလင်းလင်းမသိရသေးပေမဲ့ အယ်ဘေးနီးယားနိုင်ငံဟာ တူရကီ Baykar ကုမ္ပဏီထံက Bayraktar TB2 ဒရုန်း ၃ စင်း ဝယ်ယူထားပြီးသားဖြစ်ပါတယ်။
အခုလို အသေခံဒရုန်းတွေ ထောက်ပံ့သွားမှာဖြစ်တဲ့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနက် ပိုလန်နိုင်ငံပြီးရင် ဘော် လကန်ဒေသရှိ အယ်ဘေးနီးယားနိုင်ငံဟာ တူရကီထုတ် မောင်းသူမဲ့လေယာဉ်တွေကို ပိုင်ဆိုင်လာတဲ့ ဒုတိယ မြောက်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။
ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားက မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်တွေ ရောက်လာခဲ့ရင် အယ်ဘေးနီးယားတပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်တက်လာမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
Ref: Turkey to Donate ‘Significant Number’ of Kamikaze Drones to Albania
#PeopleMedia