• Follow Us on

Home တူရကီထုတ် Anka-3 ဒရုန်း ပထမဦးဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်ပျံသန်း

တူရကီထုတ် Anka-3 ဒရုန်း ပထမဦးဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်ပျံသန်း

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅

 

တူရကီနိုင်ငံက ၎င်းတို့နိုင်ငံထုတ် Anka-3 တိုက်ခိုက်ရေးဒရုန်း ပထမဦးဆုံးအကြိမ်စမ်းသပ်ပျံသန်းမှုကို အောင် မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ကြေညာလိုက်ပါတယ်။

 

Anka-3 မောင်းသူမဲ့လေယာဉ်ဟာ အမြင့်ပေ ၈,၀၀၀ (၂,၄၃၉ မီတာ) ကနေ အမြန်နှုန်းတစ်နာရီ ရေမိုင် ၁၅၀ (တစ်နာရီကို ၁၇၃ မိုင်/ ၂၇၈ ကီလိုမီတာ) နှုန်းနဲ့ တစ်နာရီနဲ့ ၁၀ မိနစ်ကြာ ပျံသန်းခဲ့တယ်လို့ဆိုပါတယ်။

 

Anka-3 ရဲ့ မြေပြင်ထိန်းချုပ်ရေးစနစ်တွေအားလုံးဟာ ရှေ့ပိုင်းကထုတ်လုပ်ခဲ့တဲ့ Anka ဒရုန်းတွေရဲ့ စနစ်တွေ နဲ့ အတူတူပဲလို့ဆိုပါတယ်။

 

Anka-3 ဒရုန်းကို မောင်းနှင်ဖို့ တာဘိုဂျက်အင်ဂျင်အသုံးပြုထားပြီး အမြင့်ပေ ၃၀,၀၀၀ ကနေ တစ်ဆက်တည်း ၁၀ နာရီကြာအောင် ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

 

Anka-3 ဒရုန်းဟာ အမြင့်ဆုံး တစ်နာရီကို ရေမိုင် ၄၂၅ မိုင် (တစ်နာရီကို ၄၈၉ မိုင်/၇၈၇ ကီလိုမီတာ) နှုန်းနဲ့ အမြင့်ပေ ၄၄,၀၀၀ (၁၃,၄၁၁ မီတာ) အထိလည်း ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

 

လိုအပ်တဲ့စမ်းသပ်မှုတွေအားလုံးဆောင်ရွက်ပြီးသွားတဲ့အချိန်မှာ ရန်သူ့ကာကွယ်ရေးစွမ်းရည်တွေကို တိုက်ခိုက် ချေမှုန်းဖို့၊ ကင်းထောက်တာဝန်တွေထမ်းဆောင်ဖို့နဲ့ ရန်သူ့အတွင်းပိုင်းထဲအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက် ဖို့အတွက် Anka-3 ဒရုန်းဟာ တူရကီတပ်မတော်မှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 

တူရကီနိုင်ငံရဲ့ ဒရုန်းနည်းပညာ အောင်မြင်မှုဟာ နိုင်ငံတကာစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနယ်ပယ်မှာ ရှေ့တန်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။

 

တူရကီနိုင်ငံဟာ မလေးရှားနဲ့ ပါကစ္စတန်နိုင်ငံတို့ကို ဒရုန်းလက်နက်တွေ ထောက်ပံ့ခဲ့ပြီးဖြစ်သလို ပါကစ္စတန်နိုင် ငံနဲ့ ပြည်တွင်းဖြစ်ဒရုန်းတွေထုတ်လုပ်ရာမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

 

တူရကီနိုင်ငံဟာ ယူကရိန်းနိုင်ငံထဲမှာ ၂၀၂၅ ခုနှစ်မတိုင်ခင် Akinci တိုက်ခိုက်ရေးဒရုန်းတွေ တည်ဆောက်နိုင် တဲ့ ဒရုန်းထုတ်လုပ်ရေးစက်ရုံတစ်ရုံ တည်ဆောက်ပေး ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၂၂ ခုနှစ် က ကြေညာခဲ့ပါတယ်။

 

Ref: Turkey’s Anka-3 Drone Completes Maiden Flight

 

#PeopleMedia


Share this post