တူရကီထုတ် T129 ATAK ရဟတ်ယာဉ်နှစ်စင်း ဖိလစ်ပိုင်လက်ခံရရှိ
PUBLISHED - May 21, 2024
နိုင်ငံတကာ၊ မေ ၂၁
ဖိလစ်ပိုင်လေတပ်ဟာ တူရကီနိုင်ငံက တင်ပို့လိုက်တဲ့ T129 ATAK ရဟတ်ယာဉ်နှစ်စင်းကို ဖိလစ်ပိုင်နိုင်ငံ ကက်ဗိုက်မြို့ ဆန်ဂလေးပွိုင့်မှာရှိတဲ့ အမှတ် ၁၅ လေတပ်တိုက်ခိုက်ရေးအုပ်စခန်းမှာ လက်ခံရယူခဲ့ပါတယ်။
တူရကီထုတ် ရဟတ်ယာဉ်နှစ်စင်းဟာ ဖိလစ်ပိုင်လေတပ်ရဲ့ လက်နက်တပ်ဆင်ထားတဲ့ စောင့်ကြည့်လေ့လာ ရေးနဲ့ သယ်ယူပို့ဆောင်ရေး အပေါ့စားရဟတ်ယာဉ်တွေနဲ့အတူ တွဲဖက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး လေ တပ်ရဲ့စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။
တူရကီနဲ့ ဖိလစ်ပိုင်ကြား ချုပ်ဆိုခဲ့တဲ့ ဒေါ်လာ သန်း ၂၈၀ တန်ကြေးရှိ စာချုပ်အရ ပဉ္စမမြောက်နဲ့ ဆဋ္ဌမ မြောက် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။
ဒေါ်လာ ၅.၂ ဘီလျံ အကုန်အကျခံသုံးစွဲမယ့် ဖိလစ်ပိုင်တပ်မတော်အဆင့်မြှင့်တင်ရေးစီမံချက်ရဲ့ Horizon 2 phase ထဲက အစိတ်အပိုင်းတစ်ရပ်အဖြစ် T129 ATAK ရဟတ်ယာဉ်အုပ်ကို ဝယ်ယူတာဖြစ်ပါတယ်။
အင်ဂျင်နှစ်လုံးတပ် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်တဲ့ T-129 ATAK ရဟတ်ယာဉ်ကို မြင့်မားပူပြင်းပြီး လေဖိ အားသိပ်သည်းမှုနည်းပါးတဲ့အခြေအနေမျိုးမှာ နေ့ရောညပါ ပျံသန်းပြီး ကင်းထောက်တာဝန်တွေထမ်းဆောင် နိုင်အောင် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
အီတလီလိုယိုနာဒိုကုမ္ပဏီထုတ် A129 Mangusta ရဟတ်ယာဉ်ကို အခြေခံ တူရကီလေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းက လေကြောင်းပညာနဲ့ လက်နက်စနစ်တို့ကို မူကွဲဖြစ်တဲ့ T-129 ATAK ရဟတ်ယာဉ်မှာ တပ်ဆင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
T-129 ATAK ရဟတ်ယာဉ်မှာ ပြောင်းသုံးခုတွဲ M197 ၂၀ မမ စက်အမြောက်တစ်လက်၊ ၁၆၀ မမ တင့်ဖျက် ဒုံးကျည် ၈ စင်းနဲ့ သမရိုးကျရော့ကက်စနစ်တပ်ဆင်ထားတဲ့ လက်နက်တပ်ဆင်ခုံ လေးခုအထိ တပ်ဆင်ထားပါ တယ်။
T-129 ATAK ရဟတ်ယာဉ်ကို ထုတ်လုပ်တဲ့တူရကီနိုင်ငံက တပ်မတော်မှာအသုံးပြုနေသလို နိုင်ဂျီးရီးယားနိုင်ငံ ကလည်း ၂၀၂၂ ခုနှစ်မှာ T-129 ATAK ရဟတ်ယာဉ် ၆ စင်း ဝယ်ယူခဲ့ပါတယ်။
Ref: Philippines Receives Two T129 ATAK Helicopters from Turkey
#PeopleMedia