• Follow Us on
Latest News

Home တူရကီထုတ် TB2 ဒရုန်းတွေမှာ EDGE ကုမ္ပဏီက Desert Sting 16 ဗုံးတွေ တပ်ဆင်မည်

တူရကီထုတ် TB2 ဒရုန်းတွေမှာ EDGE ကုမ္ပဏီက Desert Sting 16 ဗုံးတွေ တပ်ဆင်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀

 

UAE (အာရပ်စော်ဘွားများသမ္မတနိုင်ငံ) က EDGE ကုမ္ပဏီဟာ ၎င်းတို့ထုတ်လုပ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေ ကို တူရကီနိုင်ငံထုတ် UCAV (မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်) တွေမှာ တပ်ဆင်သွားမှာပါတယ်။

 

EDGE ကုမ္ပဏီဟာ ၎င်းတို့ထုတ်လုပ်ထားတဲ့ GPS/ လေဆာပဲ့ထိန်းဗုံးဖြစ်တဲ့ Desert Sting 16 ဗုံးတွေကို တူရ ကီထုတ် Bayraktar TB2 ဒရုန်းတွေမှာ တပ်ဆင်သွားဖို့အတွက် Baykar ကုမ္ပဏီနဲ့ သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

 

ဒီသဘောတူစာချုပ်ဟာ မောင်းသူမဲ့လေယာဉ်တွေရဲ့ လက်နက်စနစ်တွေကို မြှင့်တင်တဲ့ ကုမ္ပဏီရဲ့ ရည်ရွယ် ချက်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Baykar ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ နည်းပညာအရာရှိချုပ်ဆယ်ကျုဘိုင်ရက်တာက ပြောပါတယ်။

 

“ခေတ်မီနည်းပညာနယ်ပယ်မှာ နိုင်ငံတကာဦးဆောင်အဆင့်ရောက်နေတဲ့ EDGE ကုမ္ပဏီနဲ့ ကျွန်တော်တို့ရဲ့ မ ဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်ဟာ ကျွန်တော်တို့ရဲ့ဖောက်သည်နိုင်ငံတွေအတွက် နောက်ထပ် ရွေးချယ်ခွင့်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

EDGE ကုမ္ပဏီက တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ Desert Sting 16 ဗုံးတပ်ဆင်ထားတဲ့ TB2 တိုက်ခိုက် ရေးဒရုန်းတစ်စင်းပုံကို မြင်တွေ့ရပါတယ်။

 

TB2 တိုက်ခိုက်ရေးဒရုန်းတွေအနေနဲ့ အနာဂတ်ကာလမှာ ဝေဟင်-မြေပြင် တိုက်ပွဲတွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်အောင် ၂၀၂၄ ခုနှစ် မကုန်ခင် TB2 တိုက်ခိုက်ရေးဒရုန်းအုပ်စုကို Desert Sting 16 ဗုံးတွေအပြည့် အဝတပ်ဆင်သွားဖို့ EDGE ကုမ္ပဏီက စီစဉ်ထားပါတယ်။

 

အကွာအဝေး ၁၅ ကီလိုမီတာ (၉.၃ မိုင်) မှာရှိတဲ့ ပစ်မှတ်တွေကို ထိထိရောက်ရောက်ပစ်ခတ်နိုင်ဖို့အတွက် Desert Sting 16 ဗုံးဟာ GNSS (global navigation satellite systems) နဲ့ semi-active laser configuration စနစ်တစ်ခုကို အသုံးပြုထားပါတယ်။

 

Desert Sting 16 ဗုံးမှာ ၁၂ ကီလိုဂရမ် (၂၆.၅ ပေါင်) အလေးချိန်ရှိ ထိပ်ဖူးတစ်ခုပါရှိပြီး ဗုံးတစ်ခုလုံးရဲ့ အ လေးချိန်ကတော့ ၂၃ ကီလိုဂရမ် (၅၁ ပေါင်) ရှိပါတယ်။ မူကွဲတစ်မျိုးဖြစ်တဲ့ Desert Sting 25 ဗုံးကိုတော့ UAE နိုင်ငံက ပြီးခဲ့တဲ့နှစ်က EDGE ကုမ္ပဏီနဲ့ ဒေါ်လာ ၁.၃ ဘီလျံတန်စာချုပ်ချုပ်ဆိုပြီး ဝယ်ယူခဲ့ပါတယ်။

 

တူရကီနိုင်ငံ Baykar ကုမ္ပဏီထုတ် TB2 ဒရုန်းဟာ အမြင့်ပေ ၂၅,၀၀၀ ကနေ ၂၇ နာရီကြာအောင် ပျံသန်းနိုင် တဲ့ နည်းဗျူဟာမြောက် မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပါတယ်။

 

TB2 ဒရုန်းကို ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အကွာအဝေးရှိတဲ့ မြေပြင်ထိန်းချုပ်ရေစခန်းက ထိန်းချုပ်မောင်းနှင် နိုင်တယ်လို့ ဆိုပါတယ်။

 

Ref: EDGE to Equip Turkish Drones with Precision-Guided Bombs

 

#PeopleMedia


Share this post