• Follow Us on

Home တူရကီထုတ် TB2 ဒရုန်းတွေ မော်လဒီးစ်နိုင်ငံ လက်ခံရရှိ

တူရကီထုတ် TB2 ဒရုန်းတွေ မော်လဒီးစ်နိုင်ငံ လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ မတ် ၁၄

 

နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကင်းထောက်တာဝန်တွေထမ်းဆောင်နိုင်ဖို့အတွက် မော်လဒီးစ် (မော်လဒိုက်) နိုင်ငံဟာ တူရကီနိုင်ငံက TB2 ဒရုန်းတွေ လက်ခံရရှိလိုက်ကြောင်း The Defense Post မှာရေးသားဖော်ပြထား ပါတယ်။

 

တူရကီနိုင်ငံ Baykar ကုမ္ပဏီထုတ် Bayraktar TB2 တိုက်ခိုက်ရေးဒရုန်းတွေကို မော်လဒီးစ်နိုင်ငံကို ပေးပို့လိုက် တာဖြစ်ပြီး နိုင်ငံမြောက်ပိုင်း မားဖာရုနိုင်ငံတကာလေဆိပ်မှာ လောလောဆယ် တပ်ဖြန့်ချထားပါတယ်။

 

တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့ ဒရုန်းတွေရောက်လာပြီး တစ်ပတ်ဝန်းကျင်မှာ မော်လဒီးစ်အစိုးရက ဒရုန်းစစ်ဆင်ရေးတွေ စတင်ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း ဒေသတွင်း သတင်းတွေမှာဖော်ပြထားပါတယ်။

 

အဲဒီဒရုန်းတွေဟာ မော်လဒီးစ်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုံဖြစ်တဲ့ စတုရန်းမိုင် ၃၄၇,၀၀၀ (၉၀၀,၀၀၀ စတုန်ရန်း ကီလိုမီတာ) ရှိတဲ့ ကျွန်းစုတွေကို ကင်းလှည့်တာဝန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

သက်ဆိုင်ရာဆက်စပ်ပစ္စည်းတွေအပါအဝင် ဒရုန်းယူနစ်တစ်ခုကို ဒေါ်လာ ၅ သန်းဝန်းကျင်ရှိပြီး အခုရောက်ရှိ လာတဲ့ဒရုန်းတွေအတွက် ဒေါ်လာ ၃၇ သန်းခန့်ကျသင့်မယ်လို့ တွက်ချက်ထားပါတယ်။

 

မော်လဒီးစ်နိုင်ငံရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အားလုံးကို ခေတ်မီတပ်မတော်အဖြစ် အဆင့်မြှင်တင်သွားဖို့ ပြုပြင် ရေးအစီအစဉ်တွေဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတမိုဟာမက်မုအိဇူက ပြောကြားလိုက်ပြီးနောက်မှာ အခု လို တူရကီနိုင်ငံက ဒရုန်းတွေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

 

မကြာသေးခင်က အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးတင်းမာခဲ့ပြီးနောက် မော်လဒီးစ်နိုင်ငံက အခုလို ကာကွယ်ရေးအစီ အစဉ်တွေ မြှင့်တင်ခဲ့တာဖြစ်ပါတယ်။

 

ရွေးကောက်ပွဲကာလမှာ ကတိပေးထားခဲ့တဲ့အတွက် မော်လဒီးစ်နိုင်ငံမှာ တပ်စွဲထားတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုပ်သိမ်းဖို့ ၂၀၂၃ ခုနှစ်မှာ အိန္ဒိယအစိုးရကို သမ္မတမုအိဇူက တရားဝင်တောင်းဆိုခဲ့ပါတယ်။

 

အခုလိုအိန္ဒိယတပ်ဖွဲ့ဝင်တွေ ဆုတ်သွားတဲ့နေရာကို တရုတ်တပ်ဖွဲ့ဝင်တွေနဲ့ အစားထိုးမှာမဟုတ်ကြောင်း တရုတ် နိုင်ငံနဲ့ ဆက်ဆံရေးအလွန်ပြေလည်တဲ့ သမ္မတမုအိဇူက ပြောပါတယ်။

 

Ref: Maldives Acquires Bayraktar TB2 Drones from Turkey

 

#PeopleMedia


Share this post