• Follow Us on
Latest News

Home တူရကီနိုင်ငံက F-16 ဂျက်တိုက်လေယာဉ်တွေအဆင့်မြှင့်တင်မှု ဒုတိယအဆင့် စတင်ဆောင်ရွက်နေပြီဖြစ်

တူရကီနိုင်ငံက F-16 ဂျက်တိုက်လေယာဉ်တွေအဆင့်မြှင့်တင်မှု ဒုတိယအဆင့် စတင်ဆောင်ရွက်နေပြီဖြစ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂

 

တူရကီအစိုးရက ၎င်းတို့နိုင်ငံမှာရှိနေတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို ပြည်တွင်းမှာပဲအဆင့်မြှင့်တင်တဲ့ အ စီအစဉ် ဒုတိယအဆင့်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

 

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများဥက္ကဋ္ဌဦးဆောင်တဲ့ အော်ဇဂါ အမှတ် ၂ စီမံချက်အရ တူရကီလေ တပ်က F-16 Block-30/40/50 ဂျက်တိုက်လေယာဉ်တွေကို အဆင့်မြှင့်တင်သွားမှာဖြစ်ပါတယ်။

 

ဒီစီမံချက်ကို ၂၀၂၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်နေတာဖြစ်ပြီး ပထမဦးဆုံး F-16 Block-30 ဂျက်တိုက် လေယာဉ်တွေကို မေလအတွင်းက အဆင့်မြှင့်တင်ခဲ့ပါတယ်။

 

တူရကီနိုင်ငံမှာ F-16 Block 30 C နဲ့ D မိုဒယ်လ်ဂျက်တိုက်လေယာဉ် ၄၃ စင်း၊ F-16 Block 40 ဂျက်တိုက်လေ ယာဉ် ၁၁၇ စင်းနဲ့ F-16 Block 50 ဂျက်တိုက်လေယာဉ် အစင်း ၁၁၀ ရှိပါတယ်။

 

အော်ဇဂါ အမှတ် ၂ စီမံချက်ဟာ F-16 Block 30 ဂျက်တိုက်လေယာဉ်တွေကို ပိုမိုခေတ်မီအောင် အဆင့်မြှင့် တင်သွားမှာဖြစ်သလို F-16 Block-30/40/50 ဂျက်တိုက်လေယာဉ်တွေအားလုံးကို ဖွဲ့စည်းတည်ဆောက်ပုံနဲ့ လေကြောင်းနည်းပညာခေတ်မီတိုးတက်ရေးနယ်ပယ်တို့ကို အဆင့်မြှင့်တင်သွားမှာဖြစ်ကြောင်း Savunma Sanayist ဝက်ဆိုက်မှာရေးသားထားပါတယ်။

 

F-16 Block 30 ဂျက်တိုက်လေယာဉ်တွေအဆင့်မြှင့်တင်ရေးမှာ ဂေါ့ဒိုဂန် ဝေဟင်-ဝေဟင် တာတိုပစ်ဒုံးကျည်၊ ဘော့ဒိုဂန် ဝေဟင်-ဝေဟင် တာတိုပစ်ဒုံးကျည်၊ HGK လက်နက်ထည့်သွင်းကိရိယာနဲ့ AESA ရေဒါတို့ပေါင်းစပ် ထည့်သွင်းရေးပါ ပါဝင်တယ်လို့ဆိုပါတယ်။

 

F-16 Block 40/50 ဂျက်တိုက်လေယာဉ်တွေ အဆင့်မြှင့်တင်ရေးမှာတော့ F-16 Block 30 ဂျက်တိုက်လေ ယာဉ်တွေအဆင့်မြှင့်တင်ရေးမှာပါဝင်တဲ့ ပေါင်းစပ်မှုတွေအပြင် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အော်ဇဂါ ကွန်ပျူတာ ပရိုဂရမ်တွေပါ ပါဝင်တယ်လို့ဆိုပါတယ်။

 

အဆင့်မြှင့်တင်ပြီးတဲ့ F-16 Block 30 ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၅ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွင်း လွှဲ ပြောင်းပေးမှာဖြစ်ပြီး F-16 Block 40/50 ဂျက်တိုက်လေယာဉ်တွေကိုတော့ ၂၀၂၈ ခုနှစ်ကနေ ၂၀၃၀ ပြည်နှစ် အတွင်း လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

 

Ref: Turkey Launches Next Round of F-16 Upgrade Program

 

#PeopleMedia


Share this post