• Follow Us on
Latest News

Home တူရကီနိုင်ငံရဲ့ ပထမဦးဆုံးပြည်တွင်းထုတ် ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ် အောင်မြင်စွာစမ်းသပ်ပျံသန်း

တူရကီနိုင်ငံရဲ့ ပထမဦးဆုံးပြည်တွင်းထုတ် ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ် အောင်မြင်စွာစမ်းသပ်ပျံသန်း

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄

 

တူရကီနိုင်ငံရဲ့ ပထမဦးဆုံးပြည်တွင်းထုတ် ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ် ပထမဦးဆုံးအကြိမ်အဖြစ် အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ အမြင့်ပေ ၈၀၀၀ ကျော်က ၁၃ မိနစ်ကြာ ပျံသန်းခဲ့တဲ့ “KAAN” လို့အမည်ပေး ထားတဲ့ ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်ဟာ တူရကီလေတပ်ရဲ့ သက်တမ်းရင့် F-16 ဂျက်တိုက်လေယာဉ် အုပ်ကို အစားထိုးသွားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

 

KAAN ဂျက်တိုက်လေယာဉ်ဟာ တစ်နာရီကို ရေမိုင် ၂၃၀ (တစ်နာရီ ၄၂၆ ကီလိုမီတာ/၂၆၅ မိုင်) နှုန်းနဲ့ ပံျသန်း ခဲ့တာဖြစ်ကြောင်း Turkish Aerospace Industries (တူရကီလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း) က ပြောပါ တယ်။

 

တူရကီနိုင်ငံဟာ ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်ကို ပြည်တွင်းမှာအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တာဟာ အ လွန်ထင်ရှားတဲ့အဆင့်တစ်ဆင့်ကို ရောက်ရှိခဲ့တာဖြစ်ကြောင်း တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်က ပြော ပါတယ်။

 

KAAN ဂျက်တိုက်လေယာဉ်ဟာ မဟာမိတ်နိုင်ငံတွေကြားမှာ မိမိကိုယ်မိမိ ယုံကြည်မှုကို ပိုမိုမြင့်တက်စေသလို ရန်သူ့နိုင်ငံတွေကြားမှာ အကြောက်တရားကို တိုးပွားစေနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

တူရကီနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ပြည်တွင်းမှာပဲ ဂျက်တိုက်လေယာဉ်တွေထုတ်လုပ်ဖို့ ဦးစားပေး ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

ရုရှားထံက လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ဝယ်ယူခဲ့ဲတဲ့အတွက် ပြည်တွင်းမှာ အမေရိကန်နဲ့အတူ ဖက်စပ်ဆောင်ရွက်မယ့် F-35 ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးအစီအစဉ်ကို အမေရိကန်က ရပ်ဆိုင်းလိုက် တာဟာလည်း တူရကီရဲ့ ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးအစီအစဉ်အတွက် ပိုမိုအားဖြည့်ပေးသလိုက်သ လိုဖြစ်ခဲ့ပါတယ်။

 

၂၀၃၀ ပြည့်လွန်နှစ်နောက်ပိုင်းမှာ တူရကီလေတပ်ရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ဝေဟင်-မြေပြင်ပစ်နဲ့ ဝေဟင်- ဝေဟင်ပစ် ဒုံးကျည်တွေ ပစ်ခတ်နိုင်ရေး ဖြည့်ဆည်းနိုင်ဖို့အတွက် KAAN ဂျက်တိုက်လေယာဉ်ကို ထုတ်လုပ်ခဲ့ တာဖြစ်ကြောင်း Turkish Aerospace Industries က ပြောပါတယ်။

 

KAAN ဂျက်တိုက်လေယာဉ်မှာ စတုတ္ထမျိုးဆက် F-16 ဂျက်တိုက်လေယာဉ်တွေမှာ အသုံးပြုတဲ့ General Electric အင်ဂျင်နှစ်လုံး တပ်ဆင်ထားပါတယ်။

 

လေယာဉ်ရဲ့ တိုက်ပွဲဝင်နိုင်တဲ့အကွာအဝေး ပိုမိုမြင့်မားမှုနဲ့ တမူထူးခြားတဲ့လက်နက်သယ်ဆောင်နိုင်မှုစွမ်းရည် ကြောင့် KAAN ဂျက်တိုက်လေယာဉ်ဟာ လေကြောင်းစိုးမိုးမှုကို အထောက်အကူပြုနိုင်တယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီက ပြောပါတယ်။

 

လေယာဉ်မှာပါတဲ့ AI နည်းပညာနဲ့ အာရုံခံကိရိယာဆိုင်ရာကွန်ရက်တွေရဲ့ အစွမ်းကြောင့် လေယာဉ်ရဲ့တိုက် ခိုက်ရေးစွမ်းရည် ထိရောက်မှုကိုလည်း မြှင့်တင်ပေးထားတယ်လို့ ဆိုပါတယ်။

 

“KAAN ဂျက်တိုက်လေယာဉ်ပိုင်ဆိုင်မှုကြောင့် ကျွန်တော်တို့ နိုင်ငံဟာ ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်ကို သာ ပိုင်ဆိုင်ရတာမဟုတ်ဘဲ ကမ္ဘာပေါ်က မဆိုစလောက် တိုင်းပြည်အနည်းအကျဉ်းမှာသာ ပိုင်ဆိုင်ခွင့်ရတဲ့ နည်းပညာတွေကိုပါ ရရှိထားတာဖြစ်ပါတယ်။” တူရကီတပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြား ရေးမှူး ဟာလပ်ဂေါ်ဂန်က ပြောပါတယ်။

 

Ref: Turkey’s First Domestically-Made Fighter Jet ‘KAAN’ Takes Maiden Flight

 

#PeopleMedia


Share this post