• Follow Us on

Home တူရကီရဲ့ Anka-III ကိုယ်ပျောက်ဒရုန်း သမိုင်းဝင်အောင်မြင်မှုတစ်ခုရရှိကြောင်း ကြေညာ

တူရကီရဲ့ Anka-III ကိုယ်ပျောက်ဒရုန်း သမိုင်းဝင်အောင်မြင်မှုတစ်ခုရရှိကြောင်း ကြေညာ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄

 

နည်းပညာသစ်တွေကို အသုံးပြုထားတဲ့ Anka-III ကိုယ်ပျောက်ဒရုန်းမှာ နောက်ထပ်သမိုင်းဝင် တိုးတက်မှုအ သစ်တစ်ခု ရရှိပြီဖြစ်ကြောင်း တူရကီလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း (TAI) က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာ လိုက်ပါတယ်။

 

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ စမ်းသပ်ပျံသန်းမှုတစ်ခုမှာ Anka-III မောင်းသူမဲ့လေယာဉ်ဟာ ၎င်းရဲ့လေယာဉ် ဘီးတွေကို လေထဲမှာ အောင်မြင်စွာ ပြန်လည်ခေါက်သိမ်းနိုင်ခဲ့ကြောင်း ကုမ္ပဏီက X လူမှုကွန်ရက်ပေါ်မှာ ရေး သားခဲ့ပါတယ်။

 

ရှေ့ပိုင်းကာလ စမ်းသပ်ပျံသန်းမှုတွေမျာ Anka-III ဒရုန်းရဲ့လေယာဉ်ဘီးတွေဟာ လေထဲမှာပျံသန်းနေစဉ် လေ ယာဉ်ကိုယ်ထင်ပြင်ပမှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။

 

အခု အောင်မြင်မှုဟာ Anka-III ကိုယ်ပျောက်ဒရုန်းထုတ်လုပ်မှုမှာ အရေးကြီးတဲ့အဆင့်တစ်ဆင့်ဖြစ်ပြီး ဒရုန်း တွေအပြည့်အဝ ထုတ်လုပ်ပြီး အသုံးပြုဖို့အတွက် ပိုမိုနီးကပ်လာတဲ့ ခြေလှမ်းတစ်ရပ်လည်းဖြစ်တယ်လို့ TAI ကုမ္ပဏီက ပြောပါတယ်။

 

အင်ဂျင်နှစ်လုံးတပ် Anka-III ကိုယ်ပျောက်ဒရုန်းမှာ ခေတ်မီအီလက်ထရောနစ်နည်းပညာတွေ၊ အလိုအ လျောက်မောင်းနှင်တဲ့စနစ်နဲ့ အီလက်ထရောနစ်အာရုံခံကိရိယာ/ အနီအေက်ရောင်ခြည်သုံးကင်မရာတို့အ ပါအဝင် အလွန်ခေတ်မီတဲ့ နည်းပညာတွေ တပ်ဆင်ထားပါတယ်။

 

ဒီကိုယ်ပျောက်ဒရုန်းမှာ တပ်ဆင်ထားတဲ့ synthetic aperture ရေဒါဟာလည်း ဆိုးရွားလှတဲ့ ရာသီဥတုအခြေ နေမျိုးမှာတောင် စောင့်ကြည့်ထောက်လှမ်း/ ကင်းထောက်တာဝန်တွေကို ထမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် တူရကီထုတ် Anka-III ကိုယ်ပျောက်ဒရုန်းဟာ ရန်သူ့ရေဒါတွေက ဖမ်းယူဖို့ ခက်ခဲ့တဲ့ ဒရုန်းအမျိုး အ စားဖြစ်တယ်လို့ ဆိုပါတယ်။

 

တိုက်ခိုက်ရေးတာဝန်တွေထမ်းဆောင်ရာမှာလည်း Anka-III ကိုယ်ပျောက်ဒရုန်းမှာ ပစ်မှတ်ကိုတိကျစွာပစ်ခတ် နိုင်တဲ့ ပဲ့ထိန်းလမ်းညွှန်ဗုံးတွေနဲ့ လေဆာပဲ့ထိန်းလမ်းညွှန်ရော့ကက်တွေအပါအဝင် လက်နက်မျိုးစုံကို တပ်ဆင် နိုင်တယ်လို့ ဆိုပါတယ်။

 

Anka-III ကိုယ်ပျောက်ဒရုန်းရဲ့ ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ စတင် ခဲ့ရာ တစ်နာရီနဲ့ ဆယ်မိနစ်ကြာ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

 

Ref: Turkey’s Anka-III Stealth Drone Achieves ‘Important’ Milestone

 

#PeopleMedia


Share this post