• Follow Us on

Home တူရကီအနောက်မြောက်ပိုင်းက နှင်းလျောစီးစခန်း အပန်းဖြေဟိုတယ်တစ်ခုမီးလောင်ကျွမ်းရာ လူအများအပြား သေဆုံး

တူရကီအနောက်မြောက်ပိုင်းက နှင်းလျောစီးစခန်း အပန်းဖြေဟိုတယ်တစ်ခုမီးလောင်ကျွမ်းရာ လူအများအပြား သေဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂

 

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ နှင်းလျောစီး အပန်းဖြေစခန်းဟိုတယ်တစ်ခု ဇန်နဝါရီ ၂၁ ရက်နေ့ (အင်္ဂါနေ့) မီးလောင်ကျွမ်းခဲ့ရာ လူအများအပြားသေဆုံးခဲ့ကြောင်း သိရပါတယ်။

 

မီးလောင်မှုကြောင့် သေဆုံးသူတွေထဲမှာ မီးဘေးက လွတ်မြောက်အောင် ဟိုတယ်ပြတင်းပေါက်တွေက ခုန်ချလို့သေဆုံး သွားတဲ့ အားလပ်ရက်အပန်းဖြေသူတွေလည်းပါဝင်သလို မီးခိုးမွှန်ပြီး သေဆုံးသွားသူတွေလည်းပါဝင်ပါတယ်။

 

ဘိုလူပြည်နယ်၊ ကာတယ်လ်ကယာ အပန်းဖြေစခန်းမှာရှိတဲ့ ဟိုတယ်တစ်လုံး အင်္ဂါနေ့ မနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ တာဖြစ်ပြီး မီးလောင်မှုကြောင့် ၇၆ ဦးထက်မနည်း သေဆုံးပြီး ၅၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း တူရကီပြည်ထဲရေး ဝန်ကြီး အလီယာလီကယာက ပြောပါတယ်။

 

သေဆုံးသူတွေထဲမှာ ကလေးသူငယ်အများအပြားပါဝင်ပြီး လောလောဆယ် ၅၂ လောင်းကို အမျိုးအမည် ခွဲခြားဖော် ထုတ်ပြီးဖြစ်ကြောင်း ယာလီကယာက ပြောပါတယ်။

 

သေဆုံးသူတချို့ကို အမျိုးအမည်ခွဲခြားဖော်ထုတ်ပြီးဖြစ်တာကြောင့် ဒေသတွင်း ကျောင်းတချို့နဲ့ စီးပွားရေးလုပ်ငန်းတ ချို့က ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေအတွက် အသေအပျောက်စာရင်းတွေကို စတင်ကြေညာခဲ့တယ်လို့ ဆို ပါတယ်။

 

သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်နဲ့ ၁၁ နှစ်ကြားရှိတဲ့ ငါးတန်းကျောင်းသားကလေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့ အတော့်ကို ထိခိုက်ခဲ့ရတာပါ။ ဟိုတယ်မီးလောင်မှုမှာ ကံဆိုးစွာနဲ့ပဲ ၆၆ ယောက် သေဆုံးခဲ့ပါတယ်။” လို့ ယာလီကယာက သတင်းထောက်တွေကို အင်္ဂါနေ့က ပြောပါတယ်။

 

တူရကီသမ္မတရီတက်တေယစ်အာဒိုဂန်က ဗုဒ္ဓဟူးနေ့ကို ဝမ်းနည်းကြေကွဲဖွယ်ရာ အထိမ်းအမှတ်နေ့အဖြစ် ကြေညာ လိုက်ပါတယ်။

 

ဟိုတယ်ရဲ့ ထိပ်ဆုံးအခန်းတွေကို မီးဟပ်နေတဲ့အချိန်မှာ အားလပ်ရက်အပန်းဖြေလာသူတချို့ဟာ မီးဘေးကလွတ် မြောက်ဖို့ ပြတင်းပေါက်တွေကနေ ခုန်ချခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 

၁၂ ထပ်ရှိတဲ့ အဆိုပါဟိုတယ်ကို ကျောက်ကမ်းပါးစွန်းတစ်ခုမှာ တည်ဆောက်ထားတာဖြစ်ပြီး အလုံးစုံ မီးငြိမ်းသတ်နိုင် ဖို့ဆောင်ရွက်နေဆဲဖြစ်တယိလု့ဆိုပါတယ်။

 

ဟိုတယ်မှာ ဒေသစံတော်ချိန် မနက် ၃ နာရီ ၂၇ မိနစ်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေက မနက် ၄ နာရီ ၁၅ မိနစ်မှာ ရောက်ရှိလာကြတာဖြစ်ကြောင်း ယာလီကယာက ပြောပါတယ်။

 

မီးလောင်မှုနဲ့ ပတ်သက်ပြီး တူရကီအစိုးရက စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ပြီး လူ ၉ ဦးထက်မနည်း ဖမ်းတီးထားကြောင်း တရားရေးဝန်ကြီး ယယ်လ်မဇ်တန့်က ပြောပါတယ်။

 

Ref: Dozens killed as fire breaks out at ski resort hotel in northwestern Turkey

 

#PeopleMedia


Share this post