တူရကီေရတပ္က အေရွ႕ပိုင္းေျမထဲပင္လယ္အတြင္း က်ည္အစစ္ျဖင့္ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္
PUBLISHED - December 22, 2020
နိုင္ငံတကာ၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တူရကီေရတပ္က အေရွ႕ပိုင္းေျမထဲပင္လယ္အတြင္း က်ည္အစစ္ျဖင့္ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ ၂၀ ရက္တြင္ ေၾကညာခဲ့သည္။
စစ္ေရးေလ့က်င့္မႈျပဳလုပ္သည့္ ေနရာကိုမူ တူရကီ ကာကြယ္ေရးဝန္ႀကီးဌာနက မေဖာ္ျပခဲ့ေပ။ အေရွ႕ပိုင္း ေျမထဲပင္လယ္အတြင္း ပိုင္နက္နယ္ေၿမ ပိုင္ဆိုင္မႈႏွင့္ပတ္သက္၍ တူရကီနိုင္ငံက အီးယူအဖြဲ႕ဝင္ ဂရိ၊ ဆိုက္ပရပ္စ္ နိုင္ငံတို႔ႏွင့္ စစ္ေရးတင္းမာမႈမ်ား ျဖစ္ပြားေနသည္။
ဆိုက္ပရပ္စ္နိုင္ငံအနီး ကမ္းရိုးတန္းအလြန္၌ ဟိုက္ဒရိုကာဗြန္ ရွာေဖြပိုင္ခြင့္ရွိေၾကာင္း၊ အဆိုပါနယ္ေျမက မိမိတို႔ပိုင္နက္နယ္ေၿမ တစ္စိတ္တစ္ေဒသျဖစ္ေၾကာင္း တူရကီနိုင္ငံက ေျပာသည္။
အျငင္းပြားပိုင္နက္အတြင္း သယံဇာတတူးေဖာ္မႈေၾကာင့္ ဒီဇင္ဘာလ ၁၀ ရက္က က်င္းပသည့္ ထိပ္သီးေဆြး ေႏြးပြဲအတြင္း သက္ဆိုင္ရာတူရကီတာဝန္ရွိသူမ်ားကို အီးယူေခါင္းေဆာင္မ်ားက ဒဏ္ခတ္အေရးယူမႈမ်ား ျပဳလုပ္ခဲ့သည္။
ရန္လိုေသာအျပဳအမူမ်ားေၾကာင့္ တူရကီနိုင္ငံအေပၚ ပိုမိုျပင္းထန္ေသာ အေရးယူမႈမ်ား လုပ္ေဆာင္မည့္ အစီအစဥ္ကို ဥေရာပေကာင္စီက လာမည့္ႏွစ္ မတ္လအထိ ေရႊ႕ဆိုင္းခဲ့သည္။
အျငင္းပြားေရပိုင္နက္အတြင္း ဆန္းစစ္မႈမ်ားလုပ္ေဆာင္ေနသည့္ စူးစမ္းရွာေဖြေရးသေဘၤာတစ္စင္းကို ေရ တပ္ဖြဲ႕ဝင္မ်ားက ေစာင့္ၾကပ္ေပးေနပုံကို ကာကြယ္ေရးဝန္ႀကီးဌာနက အပတ္စဥ္ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပခဲ့သည္။
“တူရကီလက္နက္ကိုင္တပ္ဖြဲ႕က တူရကီနိုင္ငံရဲ့ အခြင့္အေရးနဲ႔ အက်ိဳးစီးပြားကို ဆက္လက္ၿပီး ကာကြယ္ ေစာင့္ေရွာက္မွာျဖစ္ပါတယ္” ဟု ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အတြင္း ေျပာသည္။
ကိုးကား – အနာဒိုလူ
Ref; Turkey conducts live-fire naval exercises in East Med
#PeopleMedia
(unicode)
တူရကီရေတပ်က အရှေ့ပိုင်းမြေထဲပင်လယ်အတွင်း ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်
…………………………………………………………..
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တူရကီရေတပ်က အရှေ့ပိုင်းမြေထဲပင်လယ်အတွင်း ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၀ ရက်တွင် ကြေညာခဲ့သည်။
စစ်ရေးလေ့ကျင့်မှုပြုလုပ်သည့် နေရာကိုမူ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက မဖော်ပြခဲ့ပေ။ အရှေ့ပိုင်း မြေထဲပင်လယ်အတွင်း ပိုင်နက်နယ်မြေ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တူရကီနိုင်ငံက အီးယူအဖွဲ့ဝင် ဂရိ၊ ဆိုက်ပရပ်စ် နိုင်ငံတို့နှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသည်။
ဆိုက်ပရပ်စ်နိုင်ငံအနီး ကမ်းရိုးတန်းအလွန်၌ ဟိုက်ဒရိုကာဗွန် ရှာဖွေပိုင်ခွင့်ရှိကြောင်း၊ အဆိုပါနယ်မြေက မိမိတို့ပိုင်နက်နယ်မြေ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း တူရကီနိုင်ငံက ပြောသည်။
အငြင်းပွားပိုင်နက်အတွင်း သယံဇာတတူးဖော်မှုကြောင့် ဒီဇင်ဘာလ ၁၀ ရက်က ကျင်းပသည့် ထိပ်သီးဆွေး နွေးပွဲအတွင်း သက်ဆိုင်ရာတူရကီတာဝန်ရှိသူများကို အီးယူခေါင်းဆောင်များက ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ရန်လိုသောအပြုအမူများကြောင့် တူရကီနိုင်ငံအပေါ် ပိုမိုပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်မည့် အစီအစဉ်ကို ဥရောပကောင်စီက လာမည့်နှစ် မတ်လအထိ ရွှေ့ဆိုင်းခဲ့သည်။
အငြင်းပွားရေပိုင်နက်အတွင်း ဆန်းစစ်မှုများလုပ်ဆောင်နေသည့် စူးစမ်းရှာဖွေရေးသင်္ဘောတစ်စင်းကို ရေ တပ်ဖွဲ့ဝင်များက စောင့်ကြပ်ပေးနေပုံကို ကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဉ် သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
“တူရကီလက်နက်ကိုင်တပ်ဖွဲ့က တူရကီနိုင်ငံရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ဆက်လက်ပြီး ကာကွယ် စောင့်ရှောက်မှာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အတွင်း ပြောသည်။
ကိုးကား – အနာဒိုလူ
Ref; Turkey conducts live-fire naval exercises in East Med
#PeopleMedia