တူရကီ တောမီးလောင်ကျွမ်းမှုတွင် ခုနှစ်ဦး သေဆုံး

PUBLISHED - August 2, 2021
နိုင်ငံတကာ၊ သြဂုတ် ၂ (People Media)
တူရကီနိုင်ငံတောင်ပိုင်းတစ်လျောက် တောမီးလောင်ကျွမ်းမှုများကြောင့် လူခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မြေထဲပင်လယ်ကမ်းရိုးတန်း၌ တောမီးလောင်ကျွမ်းမှုစတင်ခဲ့ပြီး သြဂုတ်လ ၁ ရက်တွင် ပြည်နယ် ၃၂ ခုအထိ ပျံ့နှံခဲ့ရာ သစ်တောများ၊ နေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း တူရကီအစိုးရက ပြော ကြားခဲ့သည်။
တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၈၆၀ ဦးအား ဆေးရုံ၌ ကုသမှုခံယူနေရသည်။
မီးလောင်ကျွမ်းမှုက သြဂုတ်လ ၁ ရက်တွင် အေဂျီယန် အပန်းဖြေစခန်းမြို့ ဘိုဒရမ်မြို့အထိ ရောက်ရှိခဲ့ရာ ဒေသခံများ၊ ကမ္ဘာလှည့်ခရီးသွားများကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်။
ရုရှား၊ အဇာဘိုင်ဂျန်နှင့် အခြားတိုင်းပြည်များမှ အကူအညီပေးရေးအဖွဲ့များက မီးငြှိမ်းသတ်မှုတွင် ပါဝင် ကူညီလျက်ရှိသည်။
လေပြင်းတိုက်ခတ်မှုနှင့် အပူချိန် ၄၀ ဒီဂရီ ဆဲစီးယပ်စ်အထိရှိနေခြင်းကြောင့် မည်သည့်အချိန်တွင် မီး လောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မီးလောင်ကျွမ်းမှု ဖြစ်ပွားရသောအကြောင်းရင်းကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်နေ ကြောင်း တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်က ပြောကြားခဲ့သည်။
Ref; Seven killed in Turkey wildfires
#PeopleMedia #EPN #international #တူရကီ
(unicode)
……………………………………
Ref; Seven killed in Turkey wildfires