• Follow Us on
Latest News

Home တူရကီ Akinci ဒရုန်းနဲ့ ရုရှား Su-30 ဂျက်တိုက်လေယာဉ်တွေ အီသီယိုပီးယားဝယ်ယူထား

တူရကီ Akinci ဒရုန်းနဲ့ ရုရှား Su-30 ဂျက်တိုက်လေယာဉ်တွေ အီသီယိုပီးယားဝယ်ယူထား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀

 

အီသီယိုပီးယားလေတပ်က အရေအတွက်ဖော်ပြမထားတဲ့ တူရကီနိုင်ငံထုတ် Akinci မောင်းသူမဲ့လေယာဉ်တွေ နဲ့ ရုရှားထုတ် ဆူခွိုင်း Su-30 ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူခဲ့ပါတယ်။

 

လေယာဉ်လွှဲပြောင်းပွဲအခမ်းအနားမှာ Akinci မောင်းသူမဲ့လေယာဉ်တွေ မိတ်ဆက်တုန်းကလိုပဲ Su-30 ဂျက် တိုက်လေယာဉ် နှစ်စင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။

 

Akinci ဒရုန်းတွေကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အစောပိုင်းကတည်းက အီသီယိုပီးယားလေတပ်မှာ တာဝန် ထမ်းဆောင်နေပြီဖြစ်ပါတယ်။

 

ဒီဂျက်တိုက်လေယာဉ်တွေဟာ အိန္ဒိယလေတပ်အတွက် ၁၈ စင်းထုတ်လုပ်ထားပြီး ၁၉၉၇ ခုနှစ်နဲ့ ၁၉၉၉ ခုနှစ် ကြားကာလမှာ တင်ပို့ခဲ့တဲ့ ဂျက်တိုက်လေယာဉ်တွေရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြ ပါတယ်။

 

အီသီယိုပီးယားရှေ့မှာ အယ်လ်ဂျီးရီးယား၊ အင်ဂိုလာနဲ့ ယူဂန်ဒါနိုင်ငံတို့က Su-30 ဂျက်တိုက်လေယာဉ်တွေပိုင် ဆိုင်ထားပြီး အီသီယိုပီးယားနိုင်ငံကတော့ ဒီဂျက်တိုက်လေယာဉ်ပိုင်ဆိုင်တဲ့ စတုတ္ထမြောက် အာဖရိကနိုင်ငံပဲ ဖြစ်ပါတယ်။

 

အီသီယိုပီးယားနိုင်ငံရဲ့ ကြည်း၊ ရေ၊ လေ တပ်မတော်တစ်ရပ်လုံးကို အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းနေစဉ်အတွင်းမှာ အခုလို Su-30 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူလိုက်တာဖြစ်ကြောင်း လေတပ်ဗိုလ်ချုပ်ကြီး ဘာဟာနူဂျူလာ က ပြောပါတယ်။

 

တူရကီစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး Baykar ကုမ္ပဏီကထုတ်လုပ်တဲ့ Akinci ဒရုန်းဟာ ရေမိုင် ၁၉၅ မိုင် နှုန်း (တစ်နာရီကို ၂၂၄ မိုင်/၃၅၁ ကီလိုမီတာနှုန်း) နဲ့ အလေးချိန် ၁,၅၀၀ ကီလိုဂရမ် (ပေါင် ၃,၃၀၀) အထိ သယ်ဆောင်နိုင်တဲ့ အမြင့်/တာဝေးပျံ ဒရုန်းအမျိုးအစားဖြစ်ပါတယ်။

 

အလိုအလျောက် လမ်းကြောင်းရှာ အတက်/အဆင်းလုပ်နိုင်တဲ့ Akinci ဒရုန်းဟာ ဝေဟင်-မြေပြင်စစ်ဆင်ရေး ရော ဝေဟင်-ဝေဟင် စစ်ဆင်ရေးတာဝန်တွေကိုပါ ထမ်းဆောင်နိုင်သလို တင့်ဖျက်ဒုံးကျည်တွေ၊ အသေးစား စမတ်ဗုံးတွေနဲ့ ပဲ့ထိန်းလမ်းညွှန်ဗုံးတွေလို လက်နက်တွေကိုလည်း သယ်ဆောင်သွားနိုင်ပါတယ်။

 

ဆူခွိုင်း Su-30 ဂျက်တိုက်လေယာဉ်ကတော့ ၁၉၉၂ ခုနှစ်က ရုရှားနိုင်ငံမှာ စတင်အသုံးပြုခဲ့တဲ့ အင်ဂျင်နှစ်လုံး တပ် ဂျက်တိုက်လေယာဉ်ပဲဖြစ်ပါတယ်။

 

Su-30 ဂျက်တိုက်လေယာဉ်ရဲ့ အဓိကအခန်းကဏ္ဍကတော့ ဗုံး/ဒုံး အလေးချိန် ကီလိုဂရမ် ၈,၀၀၀ (ပေါင် ၁၇,၆၀၀) ကိုသယ်ဆာင်ပြီး ရာသီမရွေး ရန်သူ့ပစ်မှတ်တွေကို ကြိုတင်လက်ဦး မှုရယူချေမှုန်းခြင်းနဲ့ တာဝေးပျံ သန်းထိုးဖောက်တိုက်ခိုက်ခြင်းတို့ဖြစ်ပါတယ်။ Su-30 ဂျက်တိုက်လေယာဉ်ကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၅ နိုင်ငံက လေတပ်တွေမှာ အသုံးပြုနေပါတယ်။

 

Ref: Ethiopia Inducts Turkish Drones, Russian-Made Su-30 Fighter Jets

 

#PeopleMedia


Share this post