• Follow Us on

Home တူရကီ Baykar ကုမ္ပဏီထုတ် ဒရုန်းတွေမှာ ယူအေအီး EDGE ထုတ် ဒုံးကျည်တွေ တပ်ဆင်မည်

တူရကီ Baykar ကုမ္ပဏီထုတ် ဒရုန်းတွေမှာ ယူအေအီး EDGE ထုတ် ဒုံးကျည်တွေ တပ်ဆင်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁

 

တူရကီ Baykar ကုမ္ပဏီဟာ ၎င်းတို့ ကုမ္ပဏီထုတ် မောင်းသူမဲ့လေယာဉ်တွေမှာ ယူအေအီး နိုင်ငံအခြေစိုက် EDGE ကုမ္ပဏီထုတ် လက်နက်တွေတပ်ဆင်ဖို့အတွက် အစ္စတန်ဘူလ်မြို့က Saha Expo 2024 စစ်လက်နက် ပစ္စည်းပြပွဲမှာ ပူပေါင်းသဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

လိုအပ်တဲ့စစ်လက်နက်ပစ္စည်း ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနဲ့ ပံ့ပိုးခြင်းအပါအဝင် နည်းပညာအထောက်အ ကူတွေကို EDGE ကုမ္ပဏီက ထောက်ပံ့သွားမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုကို Baykar ကုမ္ပဏီက ဦးဆောင် သွားမှာဖြစ်ပါတယ်။

 

“အခုအစီအစဉ်သစ်ဟာ ဖောက်သည်နိုင်ငံတွေအတွက် ထောက်ပံ့ရေးကွင်းဆက်လုံခြုံရေးနဲ့ အဆင့်မြင့်လက် နက်တွေပို့ဆောင်ရေးအတွက် ဈေးကွက်လိုအပ်ချက်ကို လျင်မြန်ထိရောက်စွာ ဖြည့်ဆည်းပေးသွားဖို့ ရည်ရွယ် ဆောင်ရွက်တာဖြစ်ပါတယ်။” လို့ EDGE ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Baykar ကုမ္ပဏီနဲ့ EDGE ကုမ္ပဏီတို့ဟာ Baykar ကုမ္ပဏီရဲ့ Bayraktar TB2 ဒရုန်းတွေမှာ EDGE ကုမ္ပဏီ ထုတ် Desert Sting DS-16 ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ရေးမှာလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

 

“ဖောက်သည်တွေအတွက် ကျွန်တော်တို့ဆောင်ရွက်ပေးနေတဲ့ စစ်လက်နက်ပစ္စည်းတွေကို အဆင့်မြှင့်တင်နေ စဉ်အတွင်းမှာပဲ Baykar ရဲ့ မောင်းသူမဲ့လေယာဉ်တွေမှာ ကျွန်တော်တို့ကုမ္ပဏီထုတ် အဆင့်မြင့်လက်နက်တွေ တပ်ဆင်ခြင်းအားဖြင့် ဈေးကွက်လိုအပ်ချက်ကိုအမြန်ဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်ပါတယ်။” လို့ EDGE ကုမ္ပဏီ ရဲ့ CEO ဟာမက်အယ်လမာရာက ပြောပါတယ်။

 

EDGE ကုမ္ပဏီဟာ DS-25 နဲ့ DS-16 ဆိုတဲ့ Desert Sting မူကွဲဒုံးကျည်နှစ်မျိုးနဲ့ RASH – 3H ဒုံးကျည်တို့ကို ထုတ်လုပ်လျက်ရှိပါတယ်။

 

DS-25 ဒုံးကျည်ဟာ ၃၆ ကီလိုဂရမ် (၇၉ ပေါင်) အလေးချိန်ရှိပြီး DS-16 ဒုံးကျည်ကတော့ ၂၈ ကီလိုဂရမ် (၆၂ ပေါင်) အလေးချိန်ရှိပါတယ်။

 

အလေးချိန် ၁၂ ကီလိုဂရမ် (၂၆.၅ ပေါင်) ရှိတဲ့ ထိပ်ဖူးတပ်ဆင်ထားတဲ့ DS-16 ဒုံးကျည်မှာ GNSS (global navigation satellite systems) စနစ်နဲ့ semi-active laser configuration ပဲ့ထိန်းစနစ်တို့တပ်ဆင်ထားပြီး အကွာအဝေး ၁၅ ကီလိုမီတာ (၉.၅ မိုင်) က ပစ်မှတ်ကို ပစ်ခတ် တိုက်ခိုက်နိုင်ပါတယ်။

 

အလေးချိန် ၃၃ ကီလိုဂရမ် (၇၃ ပေါင်) ရှိတဲ့ RASH – 3H ဒုံးကျည်ကတော့ တစ်နာရီကို ၆၈၅ ကီလိုမီတာ (၄၂၅ မိုင်) နှုန်းနဲ့ ပျံသန်းနိုင်တယ်လို့ဆိုပါတယ်။

 

တောင်ပံနှစ်ထက်ထိပ်အကွာအဝေး ၁.၄ မီတာ (၄.၅၉ ပေ) ရှိတဲ့ RASH – 3H ဒုံးကျည်ဟာ အမြင့်ပေ ၂၅၀၀၀ က ပံျသန်းနိုင်တယ်လို့ ဆိုပါတယ်။

 

Ref: Baykar to Integrate EDGE Munitions on Unmanned Aerial Platforms

 

#PeopleMedia


Share this post