• Follow Us on
Latest News

Home တေဇာဆန်းနဲ့ PDF တွေကို လုံခြုံရေးနဲ့ ဆိုင်တဲ့ သတင်းတွေ ပေးပို့မှုကြောင့် မန္တလေးရှိ ပရဟိတ မင်းခေါင်အဖွဲ့ကို ဖမ်းဆီးစစ်ဆေးနေ

တေဇာဆန်းနဲ့ PDF တွေကို လုံခြုံရေးနဲ့ ဆိုင်တဲ့ သတင်းတွေ ပေးပို့မှုကြောင့် မန္တလေးရှိ ပရဟိတ မင်းခေါင်အဖွဲ့ကို ဖမ်းဆီးစစ်ဆေးနေ

Share this post

မန္တလေး၊ အောက်တိုဘာ ၃၀

 

အောက်တိုဘာ ၂၈ ရက်နေ့က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ပရဟိတမင်းခေါင် လူမှုကူညီရေးရုံးကို လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့ပြီ်းနောက် အဖွဲ့၏ ဥက္ကဋ္ဌ အပါအဝင် သက်ဆိုင်သူများကို ခေါ်ဆောင်ပြီး စစ်ဆေးလျက်ရှိနေကြောင်း မန္တလေးမြို့ရှိ ပရဟိတ အဖွဲ့အစည်းတစ်ခုက ပြောဆိုသည်။

 

“သိရသလောက်က ပရဟိတမင်းခေါင်ဥက္ကဋ္ဌက အရပ်ဘက်၊ စစ်ဘက် တာဝန်ရှိသူတွေနဲ့ အဝင်အထွက်ရှိ တယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ မန္တလေးမြို့မှာရှိတဲ့ လုံခြုံရေးသတင်းတွေကို သူက သတင်းယူပြီး PDF တွေထံကို သတင်းပြန်ပို့နေတာ။ ဒါကြောင့် စစ်ဆေးနေတာလို့ သိရတယ်” လို့ အဆိုပါ ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ပြောဆိုသည်။

 

ပရဟိတမင်းခေါင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ခင်မောင်တင့် အပါအဝင် ၎င်းအဖွဲ့နဲ့ သက်ဆိုင်သူအချို့ကို တာဝန်ရှိသူများ က လက်တလော ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်။ ထိုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုကို ပြည်ပမီဒီယာများက ဒေါက်တာဇော်မြင့်မောင် နာရေး၌ ပါဝင်ကူညီ၍ ဖမ်းဆီးခံရကြောင်း ရေးသားနေမှုများသည် မှန်ကန်မှု မရှိကြောင်း မန္တလေးမြို့ရှိ ပရဟိတအဖွဲ့များက ပြောဆိုသည်။

 

“ဒေါက်တာဇော်မြင့်မောင် နာရေးပို့တဲ့ ပရဟိတအဖွဲ့ကို ဖမ်းမယ်ဆိုရင် မန္တလေးမြို့မှာ အများကြီးပါပဲ။ သူတို့တစ်ဖွဲ့ထဲပဲ ဖမ်းသွားတာပါ။ ဒါတောင် သက်ဆိုင်သူတွေပဲ ဖမ်းသွားတာပါ။ ဒါကြောင့် မဟုတ်ပါဘူး” လို့ မန္တလေးမြို့ရှိ ပရဟိတအဖွဲ့အချို့က ပြောဆိုသည်။

 

ပရဟိတမင်းခေါင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ခင်မောင်တင့်သည် တေဇာဆန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသလို အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့၍ ဖမ်းဆီးခံရမှုသာဖြစ်ကြောင်း မန္တလေးမြို့ရှိ ပရဟိတအဖွဲ့များက လက်ခံထားကြသည်။

 

#PeopleMedia


Share this post