တောင်ကိုရီးယားကို ဒေါ်လာ ၅ ဘီလျံတန်ကြေးရှိ F-35 ဂျက်တိုက်လေယာဉ်တွေရောင်းချပေးရန် အမေရိကန် ခွင့်ပြု
PUBLISHED - September 15, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၅
မြောက်ကိုရီးယားနိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်နေစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံကို အမေရိကန်ထုတ် ထိပ်တန်းဂျက်တိုက်လေယာဉ်ဖြစ်တဲ့ ဒေါ်လာ ၅ ဘီလျံတန်ကြေးှရှိ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် တွေ ရောင်းချပေးဖို့ အမေရိကန်ပြည်ထောင်စုက စက်တင်ဘာလ ၁၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ခွင့်ပြုလိုက် ပါတယ်။
တောင်ကိုရီးယားနိုင်ငံကို လောဟိမာတင်ကုမ္ပဏီထုတ် F-35 ဂျက်တိုက်လေယာဉ် ၂၅ စင်း၊ အင်ဂျင်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချဖို့ ခွင့်ပြုလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကွန်ဂရက်လွှတ် တော်ကို တင်ပြလိုက်ပါတယ်။
ဒီလေယာဉ်ရောင်းချမှုဟာ “ဒေသတွင်း ရန်စမှုတွေကို ဟန့်တားဖို့အတွက် အားထားလောက်တဲ့ ကာကွယ်ရေး စွမ်းရည်ကိုထောက်ပံ့ပေးခြင်းအားဖြင့် လက်ရှိကာလ/အနာဂတ်ကာလ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ စွမ်းရည်ကို မြှင့်တင်ပေးသွားမှာဖြစ်သလို အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့အတူ စစ် လက်နက်ပစ္စည်းတွေ ပူးတွဲမျှဝေသုံးစွဲနိုင်ရေးမှာလည်း တိကျသေချာအောင် ဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“အဆိုပြုထားတဲ့ ဂျက်တိုက်လေယာဉ်တွေရောင်းချမှုနဲ့ ထောက်ပံ့မှုတွေဟာ ဒေသတွင်းမှာ အခြေခံစစ်ရေးချိန် ခွင်လျှာကို ပြောင်းလဲသွားစေမှာမဟုတ်ကြောင်း” အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ၂၀၁၈ ခုနှစ်ကတည်းက F-35 ဂျက်တိုက်လေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပါ တယ်။
ရုရှားထံက လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေဝယ်ယူခဲ့တဲ့အတွက် တူရကီနိုင်ငံကို F-35 ဂျက်တိုက်လေ ယာဉ်စီမံချက်ထဲက ထုတ်ပစ်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုဟာ ၎င်းနဲ့ အရင်းနှီးဆုံးမိတ်ဖက်နိုင်ငံတွေ ကိုသာ F-35 ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ပိုမိုကြီးမားတဲ့လက်နက်တွေထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် ရုရှားသမ္မတဗလာဒီမာပူတင်ထံ အလည်သွားနေသလို မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးပေါ်ဒုံးကျည်တွေ ကို စမ်းသပ်ပစ်ခတ်ခဲ့တဲ့အတွက် တင်းမာမှုတွေမြင့်တက်နေချိန်မှာ အခုလို ဂျက်တိုက်လေယာဉ်ရောင်းချရေး ခွင့်ပြုချက်ကိစ္စ ပေါ်ထွက်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အနီး ကမ့်ဒေးဗစ်အပန်းဖြေစခန်းမှာကျင်းပခဲတဲ့ အစည်းအဝေး တစ်ခုမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ တောင်ကိုရီးယားသမ္မတယွန်ဆောက်ယုန်နဲ့ ဂျပန်ဝန်ကြီးချုပ်ဖူမီယို ကီရှီဒါတို့ဟာ မြောက်ကိုရီးယားရေး၊ တခြားစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပိုမိုရင်းနှီးစွာလက်တွဲဆောင်ရွက်သွား မှာဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။
Ref: US Approves $5B Sale of ‘Top-of-the-Line’ F-35 Jets to S. Korea
#PeopleMedia