• Follow Us on

Home တောင်ကိုရီးယားက ဝေဟင်-မြေပြင်ပစ် ဆူပါဆောနစ် ဒုံးကျည်သစ်တစ်မျိုး ထုတ်ဖော်ပြသ

တောင်ကိုရီးယားက ဝေဟင်-မြေပြင်ပစ် ဆူပါဆောနစ် ဒုံးကျည်သစ်တစ်မျိုး ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၈

 

တောင်ကိုရီးယားနိုင်ငံ ဆေးခွန်လေကြောင်းပြပွဲမှာ ဝေဟင်-မြေပြင်ပစ် ဆူပါဆောနစ်ဒုံးကျည်အမျိုးအစားတစ်ခု ကို တောင်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြသလိုက်ပါတယ်။

 

အဲဒီဒုံးကျည်ကို ၄.၅ မျိုးဆက် KF-21 ဂျက်တိုက်လေယာဉ်မှာရော FA-50 အပေါ့စားဂျက်တိုက်လေယာဉ်မှာပါ တပ်ဆင်သုံးစွဲဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

ဒီဒုံးကျည်ကို ပြည်ပနို်င်ငံတွေကို တင်ပို့ရောင်းချဖို့ရော တောင်ကိုရီးယားလေတပ်ရဲ့ ဒုံးကျည်စွမ်းရည်တွေ မြှင့် တင်ဖို့ရော ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

 

ဒီဒုံးကျည်ဟာ လက်ရှိအချိန်မှာ Cheonryong ဒုံးကျည်တွေနဲ့ ဂျာမန်ထုတ် Taurus ခရုစ်ဒုံးကျည်တွေကို အသုံး ပြုနေတဲ့ တောင်ကိုရီးယားလေတပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ စီစဉ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

ပဲ့ထိန်းလမ်းညွှန်စနစ် အမျိုးမျိုးတပ်ဆင်ထားနိုင်စွမ်းရှိတဲ့ ဒုံးကျည်သစ်ဟာ အသံထက် ၂.၅ ဆ (Mach 2.5) မြန်တဲ့နှုန်းနဲ့ ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်ပါတယ်။

 

အဲဒီဒုံးကျည်မှာ အနီအောက်ရောင်ခြည်သုံး ကိရိယာနဲ့ တွဲဘက်အသုံးပြုမယ့် active homing head တစ်ခုနဲ့ electro-optical ကိရိယာတစ်ခု တပ်ဆင်သွားဖို့ တောင်ကိုရီးယားပညာရှင်တွေက စဉ်းစားနေပါတယ်။

 

ဒုံးကျည်ကို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ထုတ်လုပ်နေတဲ့အတွက် လောလောဆယ် ဝယ်ယူမယ့်နိုင်ငံ တွေအတွက် မထုတ်လုပ်ပေးနိုင်သေးဘူးလို့ စစ်လက်နက်ပစ္စည်း ဒီဇိုင်းရေးဆွဲထုတ်လုပ်ရေးအေဂျင်စီ DDA က ပြောပါတယ်။

 

ဒုံးကျည်စွမ်းရည်တွေ ပိုမိုသိရှိအောင်နဲ့ ပြဿာနတွေရှိလာရင် ပြင်ဆင်နိုင်အောင် ၂၀၂၅ ခုနှစ်အတွင်း စမ်းသပ် မှု သုံးကြိမ်လုပ်သွားဖို့ ခန့်မှန်းထားပါတယ်။

 

FA-50 ဂျက်တိုက်လေယာဉ်လက်နက်စနစ်မှာ ပေါင်းစပ်ထည့်သွင်းသွားမှာဖြစ်တဲ့အတွက် နောက်ပိုင်းထုတ် လုပ်မှုမှာ ဟန်ဝှာလေကြောင်း ကုမ္ပဏီပါ ဒုံးကျည်ထုတ်လုပ်မှုထဲမှာပါဝင်လာမှာဖြစ်ပါတယ်။

 

Ref: South Korea Presents Supersonic Air-to-Ground Missile

 

#PeopleMedia


Share this post