တောင်ကိုရီးယားထုတ် FA-50GF ဂျက်လေယာဉ် ပထမအသုတ် ပိုလန်လေတပ်ထုတ်ဖော်ပြသ
PUBLISHED - January 2, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂
ပိုလန်လေတပ်က ၎င်းတို့ဝယ်ယူထားတဲ့ တောင်ကိုရီးယားနိုင်ငံ KIA ကုမ္ပဏီထုတ် FA-50GF အပေါ့စားဂျက် တိုက်လေယာဉ် ပထမအသုတ် ၁၂ စင်းကို ပိုလန်နိုင်ငံ မင့်မက်ဇောဝီကီမြို့ရှိ အမှတ် ၂၃ လေတပ်အခြေစိုက်စ ခန်းမှာ ထုတ်ဖော်ပြသထားပါတယ်။
ပိုလန်နိုင်ငံဟာ FA-50GF အပေါ့စားဂျက် တိုက်လေယာဉ် ၄၈ စင်း ဝယ်ယူဖို့အတွက် ကိုရီးယားလေယာဉ်ထုတ် လုပ်ရေးလုပ်ငန်း KIA ကုမ္ပဏီနဲ့ ၂၀၂၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပထမအသုတ် ၁၂ စင်းကို ၂၀၂၃ ခုနှစ်အကုန်မှာ ပေးပို့သွားတာဖြစ်ပြီး နောက်ထပ် FA-50GF ဂျက်တိုက်လေ ယာဉ် ၃၆ စင်းကို ၂၀၂၅ ခုနှစ်မှာ စတင်ပေးပို့သွားမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်ကနေ ၂၀၂၈ ခုနှစ်အထိ ဒုတိယ အ သုတ်ပေးပို့မှုကာလကို သက်တမ်းတိုးချဲ့ထားပါတယ်။
T-50 Golden Eagle ခေတ်မီအမောင်းသင်ဂျက်လေယာဉ်ကနေ ဆင်းသက်လာတဲ့ FA-50 ဂျက်တိုက်အပေါ့ စားဂျက်တိုက်လေယာဉ်ကို F-16 ဂျက်တိုက်လေယာဉ်တွေကို ပံ့ပိုးတဲ့အနေနဲ့ အသုံးပြုသွားမှာဖြစ်ပြီး ပိုလန်နိုင် ငံဟာ ပဉ္စမမြောက်မျိုးဆက် F-35 Lightning II ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့လည်း အမှာစာပေးပို့ထားပြီး ဖြစ်ပါတယ်။
Block 20 ကနေ ဆင်းသက်လာတဲ့ FA-50PL ဂျက်တိုက်လေယာဉ်တွေဟာ ပိုမိုခေတ်မီပြီး နေတိုးအဖွဲ့က အ သုံးပြုနေတဲ့ F-16 ဂျက်တိုက်လေ ယာဉ်နဲ့ ချိတ်ဆက်ထားတဲ့စနစ်တွေ တပ်ဆင်ထားတဲ့အပြင် ရေသီယွန် ကုမ္ပဏီထုတ် PhantomStrike AESA radar ရေဒါ၊ AN/AAQ-33 target designator pod ၊ AIM-9X တာတို ဝေဟင်- ဝေဟင်ပစ်ဒုံးကျည်နဲ့ AIM-120 AMRAAM တာလတ် ဝေဟင်-ဝေဟင်ပစ်ဒုံးကျည်တွေ တပ်ဆင်ထား ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ FA-50GF အပေါ့စားဂျက် တိုက်လေယာဉ်တွေကို အမေရိကန်လော့ဟိမာတင် ကုမ္ပဏီအကူအညီနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး လေယာဉ်နောက်ပိုင်းဟာ F-16 ဂျက်တိုက်လေယာဉ်နောက်ပိုင်းပုံစံ နဲ့ အနည်းငယ်ဆင်တူပါတယ်။
FA-50 ဂျက်တိုက်လေယာဉ်ဟာ General Electric F404 တာဘိုအင်ဂျင်တပ်ဆင်ထားပြီး အမြင့်ဆုံး တစ်နာရီ ကို ၁၈၃၇.၅ ကီလိုမီတာနှုန်း ပျံသန်းနိုင်ပြီး စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်တဲ့ အကွာအဝေးက ၁,၈၀၀ ကီ လိုမီတာဖြစ်ပါတယ်။
Ref: Poland already has the first batch of 12 KAI FA-50GF light fighters
#PeopleMedia