• Follow Us on

Home တောင်ကိုရီးယားထုတ် K239 အတွဲလိုက်ဒုံးပစ်လောင်ချာ ပထမအသုတ် ပိုလန်လက်ခံရရှိ

တောင်ကိုရီးယားထုတ် K239 အတွဲလိုက်ဒုံးပစ်လောင်ချာ ပထမအသုတ် ပိုလန်လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁

 

တောင်ကိုရီးယား ဟန်ဝါစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက ပိုလန်နိုင်ငံက မှာယူထားတဲ့ K239 ချန်မို အတွဲလိုက်ဒုံးပစ်လောင်ချာ ပထမအသုတ်ကို ပိုလန်နိုင်ငံ ဂဒန့်စ်ခ် (Gdańsk) ဆိပ်ကမ်းကို ပေးပို့လိုက်ပြီဖြစ် ကြောင်း သိရပါတယ်။

 

အခုတင်ပို့လိုက်တဲ့ အတွဲလိုက်ဒုံးပစ်လောင်ချာပထမအသုတ်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီယုဘလော့ချော့ခ် ကြေညာခဲ့တဲ့ ဒေါ်လာ ၃.၅၅ ဘီလျံတန်ကြေးရှိ စစ်လက် နက်ပစ္စည်းဝယ်ယူရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

 

ဥရောပအရှေ့ဖျားစစ်မျက်နှာမှာ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ ပိုလန်နိုင်ငံဟာ တောင်ကိုရီး ယားနိုင်ငံက အတွဲလိုက်ဒုံးပစ်လောင်ချာ အစင်းရေ ရာနဲ့ချီဝယ်ယူပြီး ပိုလန်တပ်မတော်ကို လက်နက်တပ်ဆင် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

တောင်ကိုရီးယားနိုင်ငံက အဲဒီစစ်လက်နက်ပစ္စည်းတွေအားလုံး ပေးပို့ပြီးသွားပြီဆိုတာနဲ့ ပိုလန်နိုင်ငံဟာ အမေရိ ကန်ထုတ် HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာတွေနဲ့ယှဉ်တွဲပြီး K239 အတွဲလိုက်ဒုံးပစ်လောင်ချာတွေကို တပ် ဖြန့်ချသွားမှာဖြစ်ပါတယ်။

 

ပိုလန်တပ်မတော်အတွက် တင်ပို့လိုက်တဲ့ တောင်ကိုရီးယား K239 အတွဲလိုက်ဒုံးပစ်လောင်ချာတွေကို Homar-K လို့ ခေါ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

K239 အတွဲလိုက်ဒုံးပစ်လောင်ချာတွေရဲ့စွမ်းရည်ကို သြဂုတ်လအတွင်းမှာ အပြီးစမ်းသပ်နေစဉ်အတွင်းမှာပဲ အဲဒီလက်နက်တွေကို ကိုင်တွယ်ပစ်ခတ်မယ့် ပိုလန်တပ်ဖွဲ့ဝင်တွေဟာ လက်ရှိအချိန်မှာ တောင်ကိုရီးယားနိုင်ငံ ထဲမှာ လေ့ကျင့်သင်ကြားနေပါတယ်။

 

K239 ချန်မို အတွဲလိုက်ဒုံးပစ်လောင်ချာဟာ ၆၀၀ မီလီမီတာနည်းဗျူဟာမြောက်ဒုံးကျည်တွေနဲ့ ၂၃၉ မီလီမီတာ ပဲ့ထိန်းဒုံးကျည်တွေကို ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။

 

K239 အတွဲလိုက်ဒုံးပစ်လောင်ချာဟာ ရာသီ/အချိန်မရွေးပစ်ခတ်နိုင်ပြီး ရန်သူ့အပေါ်အားသာချက်ရှိတဲ့ သွယ် ဝိုက်ပစ်ခတ်မှုကို ပြုလုပ်နိုင်တဲ့လက်နက်အမျိုးအစားဖြစ်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံရဲ့တာဝေးပစ်လက်နက်တွေကို တုံ့ပြန်တိုက်ခိုက်မယ့် အခြေခံလက်နက်စနစ်အဖြစ် တောင်ကိုရီးယားနိုင်ငံဟာ K136 ကိုးယောင်း အတွဲလိုက်ဒုံးပစ်လောင်ချာတွေကို အစားထိုးဖို့အတွက် K239 အတွဲလိုက်ဒုံးပစ်လောင်ချာတွေကို ပထမဦးဆုံး စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

 

တောင်ကိုရီးယားထုတ် အတွဲလိုက်ဒုံးပစ်လောင်ချာတွေကို ပိုလန်ပြည်တွင်းထုတ် Jelcz P882.57 ယာဉ်တွေမှာ WB Group’s Topaz တိုက်ခိုက်ရေးစနစ်တွေနဲ့ တွဲဖက်သုံးစွဲနိုင်အောင် နည်းပညာလွှဲပြောင်းပေးဖို့ကိုလည်း ပြီး ခဲ့တဲ့နှစ်အတွင်း သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့စဉ်က ပိုလန်နိုင်ငံနဲ့ တောင်ကိုရီးယား ဟန်ဝါစစ်လက် နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတို့ သဘောတူညီခဲ့ကြပါတယ်။

 

P882.57 ယာဉ်မှာ သုံးယောက်ထိုင်ခေါင်းခန်းပါရှိပြီး ဝင်ရိုးလေးချောင်းတပ်ဆင်ထားတဲ့ ၈ ဘီးတပ်ယာဉ်အမျိုး အစားဖြစ်ပါတယ်။ P882.57 ယာဉ်ဟာ လမ်းဆိုးတွေနဲ့ လမ်းကြမ်းတွေမှာ မောင်းနှင်သွားလာနိုင်တဲ့ ယာဉ်ဖြစ် ပါတယ်။

 

Ref: Poland Receives First K239 Chunmoo Rocket Launcher from South Korea

 

#PeopleMedia


Share this post