• Follow Us on

Home တောင်ကိုရီးယားထုတ် K9 Thunder ယာဉ်တင်အမြောက်တွေဝယ်ယူသွားဖို့ ရိုမေးနီးယားဆုံးဖြတ်

တောင်ကိုရီးယားထုတ် K9 Thunder ယာဉ်တင်အမြောက်တွေဝယ်ယူသွားဖို့ ရိုမေးနီးယားဆုံးဖြတ်

Share this post

နိုင်ငံတကာ၊ ဇွန် ၂၆

 

ရိုမေးနီးယားအမြောက်တပ်ကို အဆင့်မြှင့်တင်ဖို့အတွက် တောင်ကိုရီးယားထုတ် K9 Thunder ယာဉ်တင်အ မြောက်တွေ ဝယ်ယူသွားဖို့ ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

 

မကြာသေးခင်က ရိုမေးနီးယားနိုင်ငံ ဘူးခရက်စ်မြို့ကို တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဝန်ဆစ်ရှင် လာ ရောက်လည်ပတ်စဉ် ရိုမေးနီးယားကာကွယ်ရေးဝန်ကြီး အိန်ဂျယ်ထဲလ်ဗာနဲ့တွေ့ဆုံပြီးနောက် ရိုမေးနီးယားနိုင်ငံ က အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

 

ခေတ်မီအမြောက်တပ်ရင်း ၃ ရင်း ဖွဲ့စည်းဖို့အတွက် တောင်ကိုရီးယားဟန်ဝှာကုမ္ပဏီကထုတ်လုပ်တဲ့ K9 Thunder ယာဉ်တင်အမြောက် ၅၄ စီးကို ရိုမေးနီးယားတပ်မတော်ကို လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ ယာဉ်တင်အမြောက် ၅၄ စီးအတွက် ခန့်မှန်း ရိုမေးနီးယားငွေ ၄.၂ ဘီလျံ (ဒေါ်လာ ၉၀၆ သန်း) ဝန်းကျင် ကုန် ကျမှာဖြစ်ပါတယ်။

 

တောင်ကိုရီးယားထုတ် K9 Thunder ယာဉ်တင်အမြောက်တွေဟာ ဂျာမန်ထုတ် Panzerhaubitze 2000 armored howitzer သံချပ်ကာအမြောက်တွေနဲ့ တူရကီထုတ် T-155 Fırtına သံချပ်ကာတင်အမြောက်တွေ ထက် ပိုမိုသာလွန်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ K9 Thunder ယာဉ်တင်အမြောက်တွေအပြင် K10 ခဲယမ်းတင်ယာဉ်တွေ၊ ဆက်စပ် ပစ္စည်းတွေနဲ့ ခဲယမ်းတွေကိုပါ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

၁၉၉၉ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ K9 Thunder ယာဉ်တင်အမြောက်ဟာ နေတိုးစံကိုက် ၁၅၅ မမ အမြောက် ကျည်ထည့်သွင်းပစ်ခတ်ရတဲ့ အဆင့်မြင့်ယာဉ်တင်အမြောက် ဖြစ်ပါတယ်။

 

အမြင့်ဆုံး တစ်မိနစ်အတွင်း အမြောက်ကျည် ၆ တောင့်ကနေ ၈ တောင့်အထိ ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။ အမြောက်ပစ်ခတ်ပြီး တစ်မိနစ်အတွင်း နေရာရွှေ့ပြောင်းနိုင်တဲ့အတွက် ရန်သူ့တန်ပြန်တိုက်ခိုက်မှုကိုလည်း လျင်မြန်စွာ ရှောင်ရှားနိုင်ပါတယ်။

 

စံကိုက်ခဲယမ်းကို အသုံးပြုထားတဲ့ K9 Thunder အမြောက်ဟာ ကီလိုမီတာ ၄၀ (၃၄.၈ မိုင်) ကနေ ၅၄ ကီလို မီတာ (၃၃.၅ မိုင်) အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်ပါတယ်။

 

အမြောက်တင်ယာဉ်ဟာ ပစ္စတင် ၈ လုံးတပ် လေအေးပေးစနစ် ဒီဇယ်အင်ဂျင်တပ်ဆင်ထားတဲ့အတွက် တစ်နာ ရီကို ၆၇ ကီလိုမီတာ (၄၁.၆ မိုင်) မောင်းနှင်နိုင်ပြီး စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အကွာအဝေးကတော့ ကီလိုမီ တာ ၃၆၀ (၂၂၃.၆ မိုင်) ဖြစ်ပါတယ်။

 

ပိုလန်၊ သြစတေးလျ၊ နော်ဝေ၊ ဖင်လန်နဲ့ အီဂျစ်အပါအဝင် K9 Thunder အမြောက်တွေဝယ်ယူထားတဲ့နိုင်ငံ တွေထဲမှာ ရိုမေးနီးယားနိုင်ငံဟာ ၁၀ နိုင်ငံမြောက် တောင်ကိုရီးယား K9 Thunder ယာဉ်တင်အမြောက်တွေ ဝယ်ယူထားတဲ့နိုင်ငံဖြစ်လာမှာ ဖြစ်ပါတယ်။

 

Ref: Romania Picks S. Korea’s K9 Thunder Howitzers for Massive Artillery Upgrade

 

#PeopleMedia


Share this post