• Follow Us on
Latest News

Home တောင်ကိုရီးယားသမ္မတကို ဒုတိယအကြိမ်ဖမ်းဆီးဖို့ ထပ်မံကြိုးစားနေ

တောင်ကိုရီးယားသမ္မတကို ဒုတိယအကြိမ်ဖမ်းဆီးဖို့ ထပ်မံကြိုးစားနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈

 

စွပ်စွဲပြစ်တင်ခံထားရတဲ့ သမ္မတကို ဖြစ်တဲ့နည်းနဲ့ ဖမ်းဆီးဖို့ ထိပ်တန်းစုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက ဆုံးဖြတ်လိုက်ပြီး နောက်မှာ တောင်ကိုရီးယားသမ္မတယွန်ဆောက်ယုန်ဟာ နောက်ထပ်တစ်ကြိမ် ထပ်မံအဖမ်းခံရဖို့ ကြိုးစားမှုနဲ့ ရင်ဆိုင် နေရကြောင်း ရိုက်တာသတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

 

ဇန်နဝါရီ ၇ ရက်နေ့ (အင်္ဂါနေ့) က တရားရုံးတစ်ခုက သမ္မတကိုဖမ်းဆီးဖို့အတွက် နောက်ထပ်ဖမ်းဝရမ်း တစ်စောင်ထပ်မံ ထုတ်ပေးလိုက်ပြီးနောက် ပြဿနာတွေဝိုင်းနေတဲ့ သမ္မတယွန်ကို ထောက်ခံသူရော ကန့်ကွက်သူတွေပါ ဇန်နဝါရီ ၈ ရက် နေ့က သမ္မတအိမ်တော်အနီး လမ်းမတွေပေါ်မှာ စုဝေးဆန္ဒပြနေကြ ပါတယ်။

 

သမ္မတလုံခြုံရေးတပ်ဖွဲ့ (PSS) ကတော့ သမ္မတအိမ်တော်ဝင်းထဲကို ဝင်လို့မရအောင် ဝိုင်ယာကြိုးဆူးတွေ၊ ဘယ်ရီကိတ် အတားအဆီးတွေနဲ့ ဘတ်စ်ကားတွေကို အသုံးပြုပြီး ဝင်လမ်းတွေကို ပိတ်ဆို့ထားပြီး အိမ်တော်ကို ကာကွယ်စောင့် ရှောက်ထားပါတယ်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တဲ့အတွက် ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ သမ္မတ ယွန်ဟာ တောင်ကိုရီးယားသမိုင်းမှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲသမ္မတတစ်ဦးကို ဖမ်းဝရမ်း အထုတ်ခံရသူ တစ်ဦး လည်း ဖြစ်ပါတယ်။

 

သမ္မတယွန်ဟာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်တွေကို ချိုးဖောက်ခဲ့သူ အဖြစ် ဒီဇင်ဘာ ၁၄ ရက်နေ့က စွပ်စွဲပြစ်တင်ခံရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာလည်း သီးခြားစစ်ဆေး ခံရမယ့်သူဖြစ်ပါတယ်။

 

ယွန်ရဲ့အမှုကို ဦးဆောင်စစ်ဆေးနေတဲ့ အဆင့်မြင့်အရာရှိကြီးများ အဂတိလိုက်စားမှုစုံစမ်းစစ်ဆေးရေးရုံး အကြီးအကဲ အိုဒေါင်းဝန်းက သမ္မတအိမ်တော်အတွင်း ခြောက်နာရီကြာ လိပ်ခဲတည်းလည်းဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့သောကြာနေ့ (ဇန်နဝါရီ ၃ ရက်နေ့) က သမ္မတကို ဖမ်းဆီးပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အင်္ဂါနေ့က တောင်းပန်လိုက်ပါတယ်။

 

သမ္မတအိမ်တော်ဝင်းဝင်ပေါက်တွေကို သမ္မတလုံခြုံရေးတပ်ဖွဲ့ PSS နဲ့ တပ်မတော်သားအစောင့်တွေ ရာနဲ့ချီပြီး ပိတ်ဆို့ ထားခဲ့တဲ့အတွက် သမ္မတကိုဖမ်းဆီးဖို့ ကြိုးပမ်းမှုကို အိုဒေါင်းဝန်းက ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

 

“ဒုတိယအကြိမ်မြောက် ဖမ်းဝရမ်းဟာ နောက်ဆုံးဝရမ်းအဖြစ် ဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက် အခုတစ်ကြိမ်မှာ တော့ စေ့ စေ့စပ်စပ် ကြိုတင်ပြင်ဆင်ထားပြီး ကျွန်တော်တို့ ရည်ရွယ်ချက်ကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်အောင် အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ မစ္စတာအိုက ပြောပါတယ်။

 

အိမ်တော်ဝင်းအတွင်းရှိ သမ္မတလုံခြုံရေးတပ်ဖွဲ့နဲ့ တပ်မတော်သားတပ်ဖွဲ့ဝင်တွေကို အင်အားသုံးကျော်ဖြတ်ဖို့ လွှတ်တော် အမတ်တွေကတောင်းဆိုလာခဲ့ချိန်မှာ အိုဒေါင်းဝန်းက မကန့်ကွက်ခဲ့ပေမဲ့ ဘယ်လိုနည်းလမ်းကို ရွေးချယ်ထားတယ်ဆို တာကိုတော့ ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

သမ္မတအိမ်တော်ဝင်းထဲက သမ္မတလုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သားတွေကို ဖြတ်ကျော်ဖို့အတွက် အထူးလုံခြုံရေး ရဲတပ်ဖွဲ့ ဝင် ၂၀၀၀ ကျော်ကို စုစည်းထားပြီး ယာဉ်ယန္တရားကြီးတွေကိုအသုံးပြုကာ အတားအဆီးတွေကို ဖြတ်ကျော်ဝင်ရောက် သွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ဒေသတွင်း မီဒီယာတွေမှာ ရေးသား နေကြပါတယ်။

 

Ref: South Korea’s Yoon faces second arrest attempt in fortified compound

 

#PeopleMedia


Share this post