တောင်ကိုရီးယားသမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး ၆ နာရီအတွင်း ပြန်လည်ရုပ်သိမ်း
PUBLISHED - December 4, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၄
တောင်ကိုရီးယားသမ္မတယွန်ဆောက်ယုန်ရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်ကို လွှတ်တော်အမတ်တွေက လက်မ ခံသလို ပြည်သူအများအပြား လမ်းမတွေပေါ်ထွက်လာကြတဲ့အတွက် သမ္မတက စစ်အုပ်ချုပ်ရေးကို ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
အင်္ဂါနေ့ညပိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီး ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာပဲ ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။
နှစ်ပေါင်း ၄၀ ကျော်အတွင်း သမ္မတယွန်ရဲ့ ထိတ်လှုပ်တုန်လှုပ်ဖွယ်ရာ စစ်အုပ်ချုပ်ရေးကြေညာချက်ကြောင့် နိုင်ငံရဲ့ ခေတ်သစ်ဒီမိုကရေစီသမိုင်းမှာ အဆိုးရွားဆုံး ဝရုန်းသုန်းကား အခြေအနေကို ရောက်ရှိသွားပြီး ကမ္ဘာ တစ်ဝန်းက မဟာမိတ်နိုင်ငံတွေလည်း အံ့အားသင့်ကုန်ကြပါတယ်။
နျူကလီးယားပိုင် မြောက်ကိုရီးယားရန်က ကာကွယ်ပေးဖို့ တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၃၀,၀၀၀ လာ ရောက်တပ်စွဲထားတဲ့ အမေရိကန်ပြည်ထောင်စုက ကနဦးကြေညာချက်ကို အလွန်စိုးရိမ်ပူပန်မိကြောင်းပြောဆို ခဲ့ပေမဲ့ စစ်အုပ်ချုပ်ရေးပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့တဲ့အတွက် စိတ်အေးသွားပါတယ်။
ဆိုးရွားလှတဲ့ ဒီလုပ်ရပ်တွေကြောင့် ကွန်ဆာဗေးတစ်နိုင်ငံရေးသမားနဲ့ ရှေ့နေတစ်ဦးဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ယွန်ရဲ့ အနာဂတ်ဟာလည်း အန္တရာယ်ရှိတဲ့အနေအထားမှာ ရောက်ရှိနေပါတယ်။
သမ္မတယွန်ကို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့တဲ့အတွက် ရာထူးက ချက်ချင်းဆင်းသွားဖို့ တောင်ကိုရီးယား အဓိကအတိုက်အခံပါတီက တောင်းဆိုလိုက်ပါတယ်။
အတိုက်အခံပါတီက လွှတ်တော်အမတ်တွေဟာ သမ္မတရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက် တရားမဝင်ကြောင်း မဲခွဲဆုံးဖြတ်ကြေညာဖို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီး လွှတ်တော်ခြံစည်းရိုးကို ကျော် ဖြတ်ကာ လွှတ်တော်တွင်း ဝင်ရောက်ခဲ့ကြပါတယ်။
နိုင်ငံရဲ့အကြီးဆုံး အလုပ်သမားသမဂ္ဂအဖွဲ့ကြီးကလည်း သမ္မတယွန် မဆင်းမချင်း အဆုံးမရှိတဲ့ အထွေထွေ သ ပိတ်ကြီးဆင်နွှဲသွားဖို့ နှိုးဆော်ထားပါတယ်။
သမ္မတယွန်ရဲ့ အာဏာရပါတီခေါင်းဆောင်ကတော့ “စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်း ဖွယ်ရာကောင်းကြောင်း” ပြောဆိုလိုက်ပြီး တာဝန်ရှိသူတွေအနေနဲ့ တာဝန်ခံသွားရမှာဖြစ်ကြောင်း ပြောပါတယ်။ လွှတ်တော်အမတ်တွေက စစ်အုပ်ချုပ်ရေးကြေညာချက်ကို ကန့်ကွက်ကြောင်း မဲခွဲဆုံးဖြတ်ပြီးနောက် မြောက်ကို ရီးယားအန္တရာယ်နဲ့ နိုင်ငံတော်ဆန့်ကျင်ရေးအုပ်စုတွေရှိနေကြောင်း အကြောင်းပြပြီး ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်း က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်ကို သမ္မတယွန်က ပြန်လည်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့အချိန်ပိုင်းလေးအတွင်းကပဲ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာချက်ကို ပြန်လည်ရုပ်သိမ်းဖို့ လွှတ်တော်က တောင်းဆိုလာတဲ့အတွက် စစ်အုပ်ချုပ်ရေးအတွက် တပ်ဖြန့်ချထားတဲ့ တပ်ဖွဲ့ဝင်တွေကို ကျွန် တော်တို့ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။” လို့ ယွန်က မနက် ၄ နာရီခွဲ ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။
လွှတ်တော်အပြင်ဘက်မှာ စုဝေးရောက်ရှိနေပြီး တောင်ကိုရီးယားအလံတွေကိုင်ဆောင်ကာ ဆန္ဒပြနေတဲ့လူအုပ် ကြီးကတော့ “ယွန်ဆောက်ယုန်ကိုဖမ်းပါ။ ယွန်ဆောက်ယုန်ကို ဖမ်းပါ။” လု့ိ အော်ဟစ်တောင်းဆိုနေကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အာခံကျော်လွှားပြီး လွှတ်တော်အမတ် ၁၉၀ ဟာ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၄ ရက်နေ့) မ နက်အစောကြီးမှာပဲ လွှတ်တော်ထဲကို အတင်းဝင်ရောက်ကာ စစ်အုပ်ချုပ်ရေးအမိန့်ကို ကန့်ကွက်ဆန့်ကျင် ကြောင်း မဲခွဲဆုံးဖြတ်ပြီး ကြေညာခဲ့ပါတယ်။
တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းမှုကို လွှတ်တော်အမတ်အများစုက မဲပေး ကန့်ကွက်ခဲ့ရင် ပြန်လည်ရုပ်သိမ်းရမှာဖြစ်ပါတယ်။
သမ္မတယွန်ကတော့ “မြောက်ကိုရီးယားကွန်မြူနစ်တပ်ဖွဲ့တွေရဲ့ ရန်ကနေ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ ပြည်သူ တွေရဲ့ လွတ်လပ်ပျော်ရွှင်မှုကို လက်လွှတ်ဆုံးရှုံးအောင်လုပ်နေတဲ့ နိုင်ငံတော်ဆန့်ကျင်ရေးအဖွဲ့ဝင်တွေကို ရှင်း လင်းဖယ်ရှားဖို့အတွက် စစ်အုပ်ချုပ်ရေးနဲ့ အရေးပေါ်အခြေအနေကို ကြေညာခဲ့တာဖြစ်ကြောင်း” ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်ပြည်ထောက်စုရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်ပေမဲ့ အခု စစ်အုပ်ချုပ်ရေး ကြေညာမှုနဲ့ ပတ်သက်ပြီး ၎င်းတို့ကို ကြိုတင်အကြောင်းထားခြင်းမရှိဘူးလို့ အမေရိကန်အစိုးရက ပြောပါတယ်။
အခြေအနေတွေကို အနီးကပ်စောင့်ကြည့်လေ့လာနေကြောင်း ဗြိတိန်နိုင်ငံက ပြောကြားခဲ့သလို တောင်ကိုရီး ယားမှာရောက်ရှိနေတဲ့ နိုင်ငံသားတွေအနေနဲ့ စိတ်အေးအေးနဲ့ သတိဝီရိယရှိရှိနေထိုင်ကြဖို့ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် တရုတ်အစိုးရက ပြောပါတယ်။
သမ္မတယွန် စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ ဆောင်ရွက်တာဟာ သမိုင်းနောက်ပြန်လှည့်ဖို့ ကြိုးပမ်းတာပဲဖြစ်ကြောင်း အော်စလိုတက္ကသိုလ်က ကိုရီးယားလေ့လာရေးပါမောက္ခ ဗလာဒီမာတီခါနော့ဗ်က ပြောပါတယ်။
“တောင်ကိုရီးယား အရပ်ဘက်လူမှုအသိုင်းအဝိုင်းက ယွန်ဆောက်ယုန်ကို တရားဝင်သမ္မတအဖြစ် ဆက်လက် သတ်မှတ်မယ်လို့ ကျွန်တော် မထင်တော့ဘူး။” လို့ ၎င်းက AFP သတင်းဌာနကို ပြောပါတယ်။
Ref: South Korean president abandons martial law attempt
#PeopleMedia