• Follow Us on
Latest News

Home တောင်ကုတ်မြို့နယ်တွင် တရားမဝင်ပို့မည့် နွား ၂၉ ကောင်အား ဖမ်းဆီးရမိ

တောင်ကုတ်မြို့နယ်တွင် တရားမဝင်ပို့မည့် နွား ၂၉ ကောင်အား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဩဂုတ် ၂၂

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်တွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က တရားမဝင် နွား ၂၉ ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းရှေ့ မီတာ ၁၀၀ ခန့်အကွာ တောင် စောင်းတွင် တစ်ဖက်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန် စုဆောင်းထားသည့် နွားများရောက်ရှိနေကြောင်း သတင်း အရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း ၂၉၀ ခန့်ရှိ နွားထီး ၂၉ ကောင်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နွားပိုင်ရှင်များအား စုံစမ်းလျက်ရှိကြောင်း သိ ရသည်။

 

#PeopleMedia


Share this post